Makeup ပြင်တဲ့အခါမှာ အရမ်းထူပြီး Heavy ဖြစ်အောင် ပြင်တာထက်စာရင် ပေါ့ပေါ့ပါးပါးလေးနဲ့ Natural ဆန်တာမျိုး၊ ကြည့်လိုက်ရင် ရှင်းရှင်းလေးဖြစ်နေတာမျိုးက ပိုလှပါတယ်။ ဒါကြောင့် နေ့တိုင်းပြင်ဆင်ဖို့အတွက် အရမ်းလှတဲ့ Cool Berry Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

Skincare တွေလိမ်းပြီး နေ့ဘက်ဆိုရင် Sunscreen လိမ်းပေးပါ။

မျက်နှာလေး Glow ပြီး ပိုလင်းသွားအောင် Tone up Base လေးလိမ်းပါမယ်။ ပြီးမှ Foundation လိမ်းပါမယ်။

Eyeshadow ခြယ်ဖို့အတွက် ပန်းရောင်နုနုလေးကိုယူပြီး မျက်ခွံနဲ့ မျက်လုံးအောက်နားကို ခြယ်ပါမယ်။

Eyeliner ကို မျက်လုံးအတွင်းနားကပ်ပြီး ပုံမှာဆွဲပြထားသလိုလေး ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

မျက်ခုံးမွှေးကို ပုံမှာပြထားတဲ့ ခဲစိမ်းရောင်လေးနဲ့ ဆွဲထားပါတယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါ သဘာဝဆန်ဆန်လေးပဲ ဆွဲပေးပါ။

Bronzer နဲ့ ပါးရိုး၊ မေးရိုးနည်းနည်းချပါမယ်။ အရမ်းထင်းနေအောင် အရောင်တောက်တာတွေ မသုံးပါနဲ့။

ပါးနီကို ပန်းရောင်နဲ့ခရမ်းရောင်စပ်ထားသလို အရောင်နုနုလေးကို သုံးပြီးတော့ ခြယ်ပါမယ်။ နှာခေါင်းနားနဲ့ မေးစိကိုပါ နည်းနည်းခြယ်ပေးပါ။

ပါးနီကို ပိုပြီးတောက်သွားအောင်လို့ လိမ္မော်ရောင်လေး ထပ်ခြယ်ပါမယ်။ ဒါမှ မျက်နှာလေးပိုလင်းပြီး လှသွားမှာပါ။

နှုတ်ခမ်းနီကို Berry အရောင်လေးဆိုးပါမယ်။ Lip Gloss လေးတွေဆိုးရင် ပိုလှပါတယ်။

Glitter Eyeshadow အဖြူ (သို့) ပန်းရောင်နုနုလေးကို ယူပြီးတော့ မျက်လုံးအရှေ့ထောင့်နားလေးမှာ နည်းနည်းခြယ်ပေးပါ။

ဒါဆိုရင်တော့ နေ့တိုင်းပြင်ဆင်ဖို့အတွက် အရမ်းလှတဲ့ Cool Berry Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။