ရာသီလာချိန်တိုင်းမှာ နာကျင်ကိုက်ခဲတတ်တဲ့ အမျိုးသမီးတိုင်းလုပ်သင့်တဲ့ ယောဂကျင့်စဉ် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရတာလွယ်ကူတဲ့ ယောဂကျင့်စဉ်တွေကို ရွေးချယ်ပေးထားတာဖြစ်လို့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။

Reclined goddess pose

လက်နှစ်ဖက်ကိုဆန့်၊ ခြေဖဝါးနှစ်ဖက်ကိုပူးထားပါ။ မျက်စိမှိတ်ပြီး အသက်ကို ဖြေးဖြေးချင်းစီ၊ ရှူထုတ်လိုက်၊ ရှူသွင်းလိုက်နဲ့ ၁ မိနစ် လုပ်ပေးရပါမယ်။

Squat pose

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ ထိုင်ပြီး အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလိုက်၊ ရှူထုတ်လိုက် လုပ်ရုံပါပဲ။

Sphinx pose

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ကော့ထားတဲ့ခါးကို ပြန်လျှောချ၊ ပြီးရင် အဲ့အတိုင်း စက္ကန့် ၃၀ ပြန်နေရုံပါပဲ။ ၄ ခေါက်လောက်လုပ်ပေးရင် ရပါပြီ။

Wide-legged child’s pose

ပုံမှာပြထားတဲ့အတိုင်း ဒူးနဲ့နဖူးနဲ့က ကြမ်းကိုထိ၊ လက်နှစ်ဖက်ကို အရှေ့ဆန့်ထုတ်ပြီး လက်ဖဝါးနှစ်ဖက်က ကြမ်းကိုထိ၊ တင်ပါးနဲ့ခြေဖနောင့်နဲ့က ထိမနေရပါဘူး။ အဲ့အတိုင်း အသက်ကိုရှူသွင်းရှူထုတ်လုပ်ပြီး စက္ကန့် ၃၀ နေ၊ ပြန်ထ၊ ပြီးရင် အဲ့အတိုင်း စက္ကန့် ၃၀ ပြန်နေပါ။

Head-to-knee pose

ခြေထောက်တစ်ဖက်ကိုကွေးပြီး နောက်ခြေထောက်တစ်ဖက်က ဘေးကိုဆန့်၊ နဖူးနဲ့ဒူးနဲ့ထိ၊ လက်နှစ်ဖက်က ခြေဖဝါးကိုထိပေးပါ။ ပြီးရင် ပြန်မတ်၊ ပြီးရင် အဲ့အတိုင်း ပြန်လုပ်ပါ။ တစ်ဖက်ကို ၁၅ ကြိမ်စီလုပ်ပေးပါ။

Camel pose

ပုံမှာပြထားတဲ့အတိုင်း ဒူးထောက်ပြီး မော့ထားပါ။ လက်ဖဝါးနှစ်ဖက်က နောက်ပြန်အနေအထားနဲ့ ပုံထဲကအတိုင်း ခြေဖဝါးကို ထိထားပါ။ အဲ့အတိုင်း ၁၅ စက္ကန့်နေပြီး ပြန်မတ်၊ ပြီးရင် ၁၅ စက္ကန့် ပြန်နေပါ။ စုစုပေါင်း ၄ ခေါက်လုပ်ပေးပါ။

Cobbler’s pose

ပုံမှာပြထားတဲ့အတိုင်း ခြေဖဝါးနှစ်ဖက်ကိုထိ၊ လက်ဖဝါးနှစ်ဖက်က ခြေထောက်နှစ်ဖက်ကို စုကိုင်ထားပြီး မျက်စိမှိတ်ကာ အသက်ကို ရှိုက်ရှူလိုက်၊ ပြန်ထုတ်လိုက်နဲ့ ၁ မိနစ်လုပ်ပေးပါ။

Happy baby pose

ပုံမှာပြထားတဲ့အတိုင်း ၁၅ စက္ကန့်နေလိုက်၊ ခြေထောက်ပြန်ချလိုက်၊ ၁၅ စက္ကန့် ပုံထဲကလို ထပ်နေလိုက်၊ ပြန်ချလိုက်နဲ့ စုစုပေါင်း ၄ ခေါက်လုပ်ရပါမယ်။

Seated twist pose

ဒါကတော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပြီး ဘယ်ညာပြောင်းလုပ်ရမှာ ဖြစ်ပါတယ်။

Pigeon pose

ခြေထောက်တစ်ဖက်က နောက်ကိုဆန့်၊ ခြေထောက်တစ်ဖက်ကကွေးပြီး ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး စက္ကန့် ၃၀ ထပ်နေပါ။