သင့်အဝတ်ဗီရိုက သင့်အကြောင်း ပြောပါတယ်။ သင်ဝတ်နေကျ ဖက်ရှင်ဟာ သင့်ပုံရိပ်နဲ့ သင့်အမှတ်လက္ခဏာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ သင့်ဗီရိုထဲမှာ နောက်ဆုံးပေါ် အဝတ်အစားတွေချည်း ထည့်ထားဖို့ မပြောပါဘူး။ Minimalist လည်းဖြစ် အခြေခံကျပြီး ဖက်ရှင်လည်း မိတဲ့ အဝတ်ဗီရိုထဲက အသုံးအဆောင်တချို့စာရင်းပဲ မျှဝေသွားမှာပါ။

(၁) Brown Boots

Photo: Pinterest

ယောင်္ကျားလေးတိုင်းမှာ အရည်အသွေးကောင်းတဲ့ အညိုရောင် Brown Boots တစ်စုံတော့ ရှိသင့်ပါတယ်။ Boot ကောင်းကောင်းတစ်ရံဟာ ပွဲတက်လည်း စီးနိုင်သလို Jeans နဲ့ တွဲပြီး ပေါ့ပေါ့ပါးပါးလည်း စီးလို့ ရပါတယ်။

(၂) Oxford Shirt

Photo: gearmoose

Formal ကျတဲ့ ဖက်ရှင်အဖြစ် သားသားနားနား ဝတ်မယ်ဆိုရင် Oxford Shirt လေးတော့ ဝယ်ထားသင့်ပါတယ်။ Oxford Shirt ကို အပြာရောင်က Classic ကျပါတယ်။

(၃) Chinos

Photo: apetogentleman

ယောင်္ကျားလေးအများစုက Jeans ဝတ်ကြပါတယ်။ ဒါပေမယ့် ပိုခန့်ချင်ရင် Chino ဖက်ရှင် ဝတ်သင့်ပါတယ်။ Chino က Smart Casual ကျသလို ကြည့်လို့လည်း ပိုကောင်းပါတယ်။

(၄) Bomber Jacket

Photo: luxe.digital

Bomber Jacket ကတော့ လူငယ်တွေအကြိုက်ဖက်ရှင်တစ်ခုပါ။ အရောင်အနေနဲ့ အနက် ၊ နက်ပြာတွေ ရွေးသင့်ပါတယ်။

(၅) Jogger

>

Photo: theadultman

Joggers ကလည်း Dress Code ဝတ်ပြီး သွားစရာမလိုတဲ့ နေရာတွေမှာ ဝတ်ဖို့ ရွေးချယ်စရာ ဖြစ်ပါတယ်။ Joggers တွေကို ခရီးသွားရာမှာ၊ သူငယ်ချင်းတွေနဲ့ တွေ့ရဦမှာ ၊ Gym ရုံကို သွားရာမှာ စတဲ့ ပေါ့ပေါ့ပါးပါး သွားစရာပေါ်လာရင် ဝတ်သင့်ပါတယ်။