လူတစ်ယောက်နဲ့တစ်ယောက်ကတော့ စိတ်ဓာတ်အကျင့်စရိုက်တွေ မတူကြပေမယ့် ချစ်သူနဲ့ပတ်သတ်လာရင်တော့ မိန်းကလေးတွေရဲ့ စိတ်သဘောထား၊ အကျင့်စရိုက်တွေက အတူတူပါပဲ။ ဒါကြောင့် ယောကျ်ားလေးတိုင်း သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ အကျင့်စရိုက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မိန်းကလေးတော်တော်များများဟာ တစ်ခုခုဆို အရမ်းကိုစိုးရိမ်ပူပန်တတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေကိုဆို ပိုပြီးတောင်စိတ်ပူတတ်ပါသေးတယ်။ မဖြစ်နိုင်မှန်းသိတာတွေကိုတောင် တစ်ခါတစ်လေကျရင် စိုးရိမ်လွန်နေတတ်ပါတယ်။ မိန်းကလေးတွေဟာ အရမ်းကိုသဝန်တိုပါတယ်။ ချစ်သူအပေါ်မှာလည်း အရမ်းသဝန်တိုပြီး စိတ်မချပါဘူး။ ချစ်သူမပြောနဲ့ ကိုယ်ချစ်တဲ့သူတိုင်းကို သဝန်တိုတတ်တာပါ။ ဒါကတော့ မိန်းကလေး ၁၀၀ မှာ ၉၀ လောက်က ဒီတိုင်းပါပဲ။

နောက်တစ်ခုကတော့ မိန်းကလေးတွေမှမဟုတ်ပါဘူး၊ တစ်ချို့ယောကျ်ားလေးတွေဆိုလည်း လူတစ်ယောက်ကို အရမ်းအားနာတတ်ပါတယ်။ ဒီလိုအားနာတတ်တဲ့စိတ်ကြောင့် ကိုယ်ပဲခဏခဏခံရတယ်။ ဒါပေမယ့်လည်း ဘယ်တော့မှအမှတ်မရှိပဲ လူတစ်ယောက်ကို အရမ်းအားနာနေတတ်ပါတယ်။ ဒီအကျင့်က တစ်ခါတစ်လေကျရင်တော့ မကောင်းဘူးနော်။

မိန်းကလေးတော်တော်များများမှာ တွေ့ရတတ်တဲ့နောက်တစ်ခုကတော့ ချစ်သူပဲဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် ကိုယ့်ကိုသူများထက်ပိုဦးစားပေးတာကိုပဲ လိုချင်ကြတယ်။ တခြားသူကို ကိုယ့်ထက်ပိုအရေးပေးတာမျိုးတွေ နည်းနည်းမှမကြိုက်ကြပါဘူး။ တစ်ခုခုဆို အရမ်းစိတ်ကောက်တတ်ပါတယ်။ မိမိချစ်သူကိုမှမဟုတ်ဘူး၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တစ်ခုခုဆို စိတ်ကောက်တတ်ပါတယ်။ ခဏခဏလည်းစိတ်ကောက်ပါတယ်။ ဒါကတော့ မိန်းကလေးတွေရဲ့အကျင့်ပါပဲ။

တစ်ခုခုဆိုရင် အချစ်ရေးမှာပဲဖြစ်ဖြစ်၊ တခြားအဆင်မပြေတာ၊ စိတ်ညစ်စရာတွေတွေ့ရင်လည်း တစ်ယောက်ထဲနေပြီး အတွေးတွေနယ်ချဲ့နေတတ်ပါတယ်။ တစ်ယောက်ထဲနေပြီး ဟိုတွေး၊ ဒီတွေးလုပ်တာတွေကတော့ မကောင်းတဲ့အကျင့်တစ်ခုပါ။ မိန်းကလေးအများစုဟာ မျက်ရည်လည်းလွယ်ပါတယ်။ တစ်ခုခုဆိုအားငယ်တတ်တာမျိုးတွေ၊ မျက်ရည်လွယ်တာမျိုးတွေကတော့ မိန်းကလေးတော်တော်များများမှာ ရှိတတ်တဲ့အကျင့်လေးပါ။

Photo Source: www.pexels.com