အားကစားလုပ်တယ် Workout ကစားတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း Gym ရုံဆိုတာ လူပေါင်းများစွာ ချွေးတရွှဲရွှဲနဲ့လာကစားတဲ့ နေရာဖြစ်လို့ဘက်တီးရီးယားနဲ့မှိုဟာ နေရာတိုင်းမှာ ရှိပါတယ်။ ဒါဟာ အသားအရေ ပျက်စီးစေနိုင်တာကြောင့် Gym သွားသူတိုင်း ကိုယ့်ရဲ့ အသားအရေကို အခုလို ထိန်းသိမ်းသင့်ပါတယ်။

(၁) Workout ကစားပြီးတိုင်း ရေချိုးပါ

Gym ကစားပြီးတာနဲ့ရေချိုး သန့်စင်လိုက်တာဟာ ချွေးနဲ့အဆီတွေကို ဖယ်ရှားရာ ရောက်သလို ဘက်တီးရီးယားနဲ့ အနုဇီဝပိုးလေးတွေ မကပ်တွယ်နိုင်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။

ဘက်တီးရီးယားတွေကြောင့် ချွေးနံ့ပိုဆိုးနိုင်စေတာကြောင့် ဘက်တီးရီးယားသတ်နိုင်မယ့်ခန္ဓာကိုယ်နဲ့မျက်နှာသန့်စင်ဆေးရည်ကို သုံးပေးသင့်ပါတယ်။ တကယ်လို့ ရေချိုးဖို့မလွယ်ရင် ချွေးတွေကို အဝတ်သန့်သန့်နဲ့ခြောက်သွေ့အောင် သုတ်ပေးရမှာ ဖြစ်ပါတယ်။

ရေချိုးချိန်မှာလည်း ရေပူချိုးတာဟာ အသားအရေကို ယားယံစေနိုင်ပြီး ယားလို့ကုတ်ဖဲ့မယ်ဆိုရင် အရေပြားထဲ ပိုးတွေ ပိုရောက်စေပြီး အနာဖြစ်တတ်ပါတယ်။

(၂) Skincare ကောင်းကောင်း သုံးပါ

အမျိုးအစားကောင်းပြီး ပစ္စည်းမှန်တဲ့ အရေပြား အလှကုန်သုံးခြင်းဟာ လူ့အရေပြားသန့်ရှင်း ခြောက်သွေ့စေရုံတင်မဟုတ်ဘဲ ပြင်ပက ကူးစက်နိုင်တဲ့ အရေပြားပိုးတွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအတွက် ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ Skincare Products တွေကို မှန်မှန်ကန်ကန် ရွေးချယ်သုံးစွဲရမှာပါ။

(၃) အဝတ်အစားနဲ့မျက်နှာသုတ်ပုဝါတွေကို အမြဲလျှော်ပါ

ချွေးကြောင့် ဘက်တီးရီးယား ပွားနိုင်ပြီး ချွေးသုတ်ထားတဲ့ မျက်နှာသုတ်ပုဝါတွေမှာလည်း ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

Gym မှာ သုံးတဲ့ အဝတ်အစားအသုံးအဆောင်တွေကို မလျှော်မဖွပ်ဘဲ အကြာသုံး သုံးမယ်ဆိုရင် ဒီအဝတ်တွေကနေ တစ်ဆင့် မျက်နှာနဲ့အရေပြားတွေမှာ ကျန်းမာရေး ပြဿနာ ရှိလာနိုင်ပါတယ်။

(၄) Gym ပစ္စည်းတွေ မသုံးခင်သန့်ရှင်းရေးလုပ်ပါ

ဝိတ်မတော့မယ်ဆိုရင် အရင်ဆုံး Tower လေးနဲ့ သုတ်ပေးတာမျိုး လုပ်သင့်ပါတယ်။ Gym ထဲက ပစ္စည်းတွေ သုံးပြီးပြီဆိုရင်လည်း တတ်နိုင်သမျှ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။