မိန်းကလေးတိုင်းက အပြင်သွားခါနီးအချိန်တိုင်းမှာ မိတ်ကပ်တွေပြင်ရင် အချိန်တွေကုန်နေတတ်ကြပါတယ်။ တော်တော်များများကတော့ မိတ်ကပ်ကို ကောင်းကောင်းပြင်တတ်နေကြပြီပေါ့။ ဒါပေမယ့် မိတ်ကပ်ပြင်တဲ့အခါမှာလည်း သတိထားပြီးပြင်ဆင်ရမယ့်အချက်တွေလည်းရှိနေပါတယ်။ ဒါတွေကို သတိထားပြီး ပြင်ဆင်မှလှပပြီး သပ်ရပ်မှုရှိတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကို ပိုင်ဆိုင်ရမှာပေါ့။

အရမ်းခြယ်တာမျိုးတွေ

ပါးနီခြယ်တဲ့အခါမှာ အရောင်တွေအရမ်းထင်းနေအောင် ခြယ်တဲ့ခေတ်ကကုန်သွားပါပြီနော်။ ပါးမို့လေးက ပန်းရောင်လေးသန်းနေရုံလောက်ပဲ ခြယ်သပြင်ဆင်တာမျိုးက ပိုချစ်စရာကောင်းပြီး ဘယ်အချိန်ကြည့်ကြည့်လှပနေစေမှာပဲဖြစ်ပါတယ်။

မလိုက်ဖက်တဲ့အရောင်

ပါးနီအရောင်တွေက အမျိုးမျိုးရှိပါတယ်။ ကိုယ်ဝတ်ထားတဲ့အဝတ်အစား၊ ပြင်ဆင်ထားတဲ့မျက်လုံးခြယ်တဲ့အရောင်တွေနဲ့ လိုက်ဖက်မှုမရှိတဲ့ ပါးနီအရောင်မျိုးကို ပါးပြင်ပေါ်မှာခြယ်ထားမယ်ဆိုရင် တော်တော်လေးကိုကြည့်ရဆိုးစေပါတယ်။

ပါးနီအတွက်သုံးသင့်တဲ့ Brush ကိုမသုံးတာ

ပါးနီခြယ်တော့မယ်ဆိုရင် Brush နဲ့ခြယ်တာက ပိုပြီးတော့သပ်ရပ်မှုရှိစေပါတယ်။ ဒါပေမယ့် Brush တွေကမျိုးစုံရှိပြီး ပါးနီအတွက်သီးသန့်သုံးဖို့လုပ်ထားတဲ့ Brush မျိုးကိုမသုံးပဲ တစ်ခြားကြုံရာ Brush တွေကိုသုံးနေမယ်ဆိုရင် ပါးနီခြယ်တဲ့အခါမှာ မသပ်မရပ်ဖြစ်နေစေနိုင်ပါတယ်။

ခြယ်သပုံမှားယွင်းနေတာမျိုး

ပါးနီခြယ်တဲ့အခါမှာ Brush နဲ့ အောက်ကနေအပေါ်ကို ဆွဲတင်ပြီးခြယ်သတာမျိုးက နည်းလမ်းအမှန်ဆိုတာကို မှတ်ထားဖို့လိုပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲဖြစ်သလိုမျိုး ခြယ်သနေမယ်ဆိုရင် လှပပြီးသပ်ရပ်တဲ့မိတ်ကပ်ပြင်ဆင်မှုမျိုးကို ပိုင်ဆိုင်ရမှာမဟုတ်ပါဘူးနော်။

Photo Source: Shutterstock