အားလုံးပဲ မင်္ဂလာပါနော်။ Accessories လေးတွေဝတ်ပေးတာက ပျိုမေတို့ရဲ့ OOTD ကိုပိုပြီး အထာကျစေတာမို့ ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်အသုံးအဆောင်တွေရှိထားတာ မမှားပါဘူးနော်။ ဒီလို ဖက်ရှင်နဲ့ဆက်စပ် Accessories လေးတွေဝတ်ဖို့ စဉ်းစားနေသူတွေအတွက် ရှိထားသင့်တဲ့ ဆွဲကြိုးဒီဇိုင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ Outfit တိုင်းနဲ့ လိုက်နေမယ့်အပြင် လည်တိုင်လေးကျော့ရှင်းကာ မျက်နှာပါလင်းသွားစေမှာဖြစ်လို့ ကိုယ့်အကြိုက်တဲ့တိုက်ဆိုင်မယ့် ဒီဇိုင်းလေးတွေပါမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Barely There Necklace

ဆွဲကြိုးမျှင်မျှင်လေးတွေက ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ဒီလိုခပ်ရှင်းရှင်းဒီဇိုင်းလေးက ဝတ်ရပေ့ါပါးပြီး ဘယ်သွားသွားဝတ်လို့ရတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

Pearl Necklace

ပုလဲဆွဲကြိုးလေးတွေက မိန်းကလေးတိုင်းနဲ့လိုက်သလို ဘယ်တော့မှမရိုးပါဘူး။ ပုလဲဆွဲကြိုးပုံစံတွေထဲကမှ ခေတ်ဆန်ပြီး လှနေမယ့် ဖော်ပြထားတဲ့ ဒီဇိုင်းလေးတွေကိုရွေးကြည့်ပါ။

Slender Chain

Chain ပါတဲ့ဆွဲကြိုးလေးတွေကလည်း Outfit တိုင်းကို အထာကျစေတာမို့ လူငယ်ကောင်မလေးတွေအကြိုက်တွေ့စေမှာပါ။ တစ်ကြိုးထဲလည်း လှသလို ဆွဲကြိုးအရှည်လေးတွေနဲ့ နှစ်ထပ်တွဲဝတ်လို့လည်း ကြည့်ကောင်းပါတယ်။

Meaningful Pendant

ကြိုးအပါးလေးတွေကို အဓိပ္ပာယ်ရှိတဲ့ ဆွဲသီးလေးတွေနဲ့တွဲဝတ်တာမျိုးက ဖက်ရှင်ပိုင်းကိုပံ့ပိုးပေးသလို အမှတ်တရလည်းဖြစ်ပါတယ်။ ဒီလို ဆွဲကြိုးလေးတွေက ဝတ်လိုက်တာနဲ့ သင့်ကိုစိတ်ကျေနပ်စေမှာပါ။

Colored Stone

ဒီလို ကျောက်တစ်လုံးဆွဲကြိုးလေးတွေကလည်း အရမ်းလှပါတယ်။ ကြိုးမျှင်မျှင်လေးတွေနဲ့တွဲဝတ်ရင် ဆွဲသီးကို ပိုထင်းစေမှာပါ။ ကိုယ့်မွေးလကို ကိုယ်စားပြုတဲ့ ကျောက်ဆွဲသီးလေးတွေ ရွေးချယ်နိုင်သလို ဝတ်ထားတဲ့ Outfit နဲ့ဆင်တူတဲ့ ဆွဲသီးအရောင်လေးတွေ ရွေး ဝတ်တာမျိုးကလည်း သင့်ကိုတစ်မျိုးလေးလှစေပါလိမ့်မယ်။

Initial Pendant

နောက်ထပ် အမှတ်တရဖြစ်ပြီး ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးက ကိုယ့်နာမည် (သို့) ချစ်ရသူတွေရဲ့ နာမည်အစကို ဆွဲသီးအဖြစ် ဝတ်တာပါ။ သင့်ကို ကိုယ်စားပြုတဲ့ဒီဇိုင်းလေးဖြစ်တာမို့ ဝတ်ရတာ ထူးခြားစေမှာပါ။

Candy-Like Beads

Beads Accessories လေးတွေက အခုခေတ်လူငယ်ကောင်မလေးတွေကြား ခေတ်စားသလို ဈေးမများဘဲ ပေါ့ပေါ့ပါးပါးဝတ်နိုင်တဲ့ ဆွဲကြိုးဒီဇိုင်းလေးတွေပါ။ ရောင်စုံ Beads ဆွဲကြိုးလေးတွေက အရောင်စိုစိုလေးနဲ့ သင့် Outfit ကိုပိုအထာကျစေပါလိမ့်မယ်။

Mixed Materials

နှစ်မျိုးရောထားသလို ဒီဇိုင်းလေးတွေကလည်း ခေတ်ဆန်ပြီး Accessories လေးဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ အမိုက်စား Outfit တွေနဲ့လည်းလိုက်သလို တစ်ကြိုးထဲနဲ့ ကြည့်ကောင်းစေမယ့် ပုံစံလေးဖြစ်ပါတယ်။

Photo Source: Pinterest, preview.ph

By MyStyle Myanmar