မိန်းကလေးတိုင်းသိထားဖို့လိုတဲ့ လက်သည်းနဲ့ပတ်သက်ပြီး မပြုလုပ်သင့်သောအမှား ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ လက်သည်းအရှည်ထားတဲ့သူပဲဖြစ်ဖြစ်၊ မထားတဲ့သူပဲဖြစ်ဖြစ်၊ လက်သည်းနီဆိုးတဲ့သူတွေ အားလုံး သိထားဖို့လိုပါတယ်။

လက်သည်းလုပ်တဲ့ပစ္စည်းတွေကိုမသန့်စင်ခြင်း

တော်တော်များများက လက်သည်းလုပ်တဲ့ပစ္စည်းတွေ၊ လက်သည်းညှပ်၊ တံစဉ်း စတာတွေကို မသန့်စင်ပဲ ဒီတိုင်းထားတတ်ကြပါတယ်။ တကယ်တော့ ဒါတွေကို အရက်ပြန်နဲ့ပဲဖြစ်ဖြစ် သန့်စင်ပေးမှ လက်သည်းထဲကို ဘတ်တီးရီးယားတွေဝင်တာမျိုး မဖြစ်မှာပါ။

အသားမာနဲ့ပန်းကုံးတွေကိုညှပ်ခြင်း

လက်သည်းမှာရှိတဲ့ အသားမာတွေနဲ့ ပန်းကုံးတွေ၊ လက်စွယ်ငုပ်နေတာတွေကို ညှပ်ထုတ်တာမျိုး မလုပ်ရပါဘူး။ တချို့ကျတော့ လက်သည်းနီဆိုးခါနီးရင် လက်သည်းလှအောင် ညှပ်ထုတ်တတ်ပါတယ်။ ဒီလိုညှပ်တာက အသားတွေစပ်သလို၊ အခန့်မသင့်ရင် သွေးထွက်ပြီး ဘတ်တီးရီးယားတွေ ဝင်စေပါတယ်။ ဒါကြောင့် သွားကြားထိုးတံနဲ့ပဲ လိုက်ပြီးလုပ်ပေးပါ။

Base coat မခံခြင်း

လက်သည်းနီဆိုးတဲ့အခါမှာ ဆိုင်တွေမှာသွားဆိုးရင်သာ base coat ခံဆိုးပေးတာ၊ အိမ်မှာ ကိုယ်တိုင်ဆိုးရင် base coat ခံဆိုးတာမျိုး မလုပ်ကြပါဘူး။ ဒီတိုင်း လက်သည်းနီပဲ တန်းဆိုးလိုက်ကြပါတယ်။ Base coat မခံရင် လက်သည်းပိုပျက်စီးပြီး လက်သည်းနီလည်း မလှပါဘူး။ ဆိုးထားရင်လည်း ကြာကြာမခံပါဘူး။

လက်သည်းတိုက်ပုံမှားခြင်း

လက်သည်းကို တံစဉ်းနဲ့တိုက်တဲ့အခါမှာ အများစုက အပေါ်အောက် direstion နဲ့ပဲ တိုက်တတ်ကြပါတယ်။ တကယ်တော့ ဒုတိယပုံမှာပြထားသလို အဝိုက်ပုံစံလေး တိုက်ပေးရပါတယ်။

လက်သည်းအတွင်းဘက်ကိုမဆိုးခြင်း

လက်သည်းနီဆိုးရင် အများစုက လက်သည်းအပေါ်ယံကိုပဲ ဆိုးကြပါတယ်။ ဒီလိုဆိုးရင် ရေကိုင်တဲ့အခါ၊ ပန်းကန်ဆေး၊ အဝတ်လျှော်တဲ့အခါ လက်သည်းထိပ်လေးတွေမှာ လက်သည်းနီက ပျက်ကုန်ပါတယ်။ ဒါကြောင့် လက်သည်းအတွင်းဘက်နဲ့ လက်သည်းထိပ်ကိုပါ ဆိုးပေးရပါတယ်။

ရေခဲရေစိမ်ပြီးအခြောက်ခံခြင်း

လက်သည်းနီဆိုးပြီးရင် မြန်မြန်ခြောက်အောင်ဆိုပြီး ရေခဲရေနဲ့ လက်သည်းကိုစိမ်ထားတတ်ကြပါတယ်။ တကယ်တော့ အရေးကြီးနေတာမျိုးမဟုတ်ရင် လက်သည်းနီကို သဘာဝလေနဲ့ပဲ အခြောက်ခံထားတာက ပိုကောင်းပါတယ်။

လက်သည်းနီပုလင်းကို shake လုပ်ခြင်း

လက်သည်းနီပုလင်းကို shake လုပ်ပြီးဆိုးရင် လက်သည်းနီတွေက bubble စိလို သေးသေးလေးတွေ ဖြစ်နေတတ်ပါတယ်။ လက်သည်းနီအရောင်လည်း ပျက်စီးစေပါတယ်။

source:www.brightside.me