တစ်နေကုန်အလုပ်လုပ်ပြီး စိတ်ဖိစီးမှုတွေနဲ့ နွမ်းနယ်ပင်ပန်းပြီးပြန်လာရတဲ့အချိန်မျိုးတွေမှာ စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်ပေးဖို့ကလည်း လိုအပ်ပါတယ်နော်။ စိတ်ပင်ပန်းမှုကို ဖြေဖျောက်ပေးနိုင်မှလည်း နောက်ရက်တွေမှာ ခွန်အားအပြည့်ဖြင့် လန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်မှာပဲ့ ဖြစ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့ဆိုတာက ဈေးကြီးပစ္စည်းတွေကို သုံးစွဲနိုင်မှ ဇိမ်ခံနိုင်မှ စိတ်ပင်ပန်းတာတွေကို ပြေလျော့နိုင်တာ မဟုတ်ပါဘူးနော်။

စိတ်ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကို ပျောက်ကင်းစေဖို့ ဈေးကြီးပစ္စည်းတွေကိုသုံးစွဲနိုင်မှ ဇိမ်ခံတာမျိုးမဟုတ်ပဲ ဒီလိုဇိမ်ရှိစေမယ့်အရာမျိုးတွေကြောင့် ပင်ပန်းတာတွေပျောက်ပြီး ပေါ့ပါးသွားတာမျိုးတွေကို ခံစားချင်တယ်ဆိုရင် လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

သက်တောင့်သက်သာဖြစ်စေတဲ့အိပ်ယာခင်းလဲခြင်း

သပ်ရပ်သန့်ရှင်းပြီး လှပနေတဲ့အိပ်ယာလေးပေါ်မှာ အိပ်လိုက်ရတဲ့အချိန်က အရမ်းကိုသက်တောင့်သက်သာရှိပြီး စိတ်ကျေနပ်မှုတွေကိုလည်း ပေးစွမ်းလိုက်နိုင်ပါတယ်။ အိပ်ယာခင်းတွေလဲထားတဲ့အချိန်တွေက သာမန်ရက်တွေနဲ့မတူပဲ ပိုပြီးတော့သက်တောင့်သက်သာရှိတယ်လို့ ခံစားရစေတတ်ပါတယ်။

Braမဝတ်ခြင်း

ဝတ်ထားတဲ့ Bra ချွတ်လိုက်ရတဲ့အချိန်တွေကလည်း တကယ်ကိုပေါ့ပါးလန်းဆန်းသွားပြီး ပင်ပန်းတာတွေပျောက်သွားပြီး လွတ်လပ်သွားသလိုမျိုး ခံစားရမှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ခံစားချက်ကိုလည်း မိန်းကလေးတွေပဲနားလည်တယ်လေ။

အစားအသောက်

အိမ်မှာဟင်းမချက်တော့ပဲ အပြင်ကနေဝယ်စားလိုက်တာမျိုးတွေကလည်း ပင်ပန်းလွန်းနေတဲ့အချိန်မှာတော့ ဇိမ်ယူလို့ရတဲ့အချိန်တစ်ခုပေါ့။ ဈေးကြီးပစ္စည်းတွေကို ဝယ်ယူမှဇိမ်ခံနိုင်တာမျိုး မဟုတ်ပဲ ဒီလိုအရာတွေကလည်း တကယ်ကိုနတ်ပြည်ပါပဲနော်။

Cosmantic အသစ်ဝယ်ခြင်း

မိတ်ကပ်ပစ္စည်းအသစ်လေးတွေကလည်း စိတ်ဖိစီးမှုတွေကို လျော့နည်းစေတဲ့နေရာမှာ တကယ်ကိုအသုံးဝင်လွန်းနေပါတယ်။ အလှအပကြိုက်တဲ့မိန်းကလေးတွေကတော့ သူတို့ရဲ့ပင်ပန်းမှုတွေက မိတ်ကပ်တွေကြောင့်လည်း ပြေလျော့သွားနိုင်ပါတယ်။

မွှေးပျံ့နေတဲ့Night Dress

မွှေးပျံ့တဲ့ရနံ့ရှိတဲ့အဝတ်အစားတွေကို ဝတ်ဆင်လိုက်ရတာကလည်း တကယ်ကိုထိရောက်တဲ့ အကျိုးကျေးဇူးတွေရှိနေပါတယ်။ အိမ်နေရင်း အဝတ်အစားလဲတဲ့အခါမှာလည်း မွှေးပျံ့တဲ့ရနံ့မျိုးကြောင့် အိပ်စက်ခြင်းကိုလည်းထောက်ပံ့ပေးနိုင်မှာပါ။

အမွှေးရနံ့ပါတဲ့ဖယောင်းတိုင် ထွန်းခြင်း

အခန်းထဲမှာ အမွှေးရနံ့ပါတဲ့ဖယောင်းတိုင်လေးတွေထွန်းပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်တာကလည်း တကယ်ကိုအကျိုးရှိတဲ့ကိစ္စတစ်ခုပါပဲ။ အလုပ်ကနေပြီးပါလာတဲ့ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေမယ့်နည်းလမ်းကောင်းတစ်ခုပေါ့။