ညဘက် ပွဲတစ်ခုခုရှိတယ်ဆိုရင် ပွဲတက်ဖို့ အင်္ကျီတစ်ထည်ကတော့ ဝယ်ရစမြဲပါပဲ။ သင်က တကယ်ကြုံလာမှ ချက်ချင်း ဝယ်တာမျိုး လုပ်နိုင်ပေမယ့် သွားခဲ့ရသည် ရှိသော် ဝတ်ဆင်နည်းတွေကို ဗဟုသုတ အနေနဲ့ သိနိုင်ဖို့ ကြိုလေ့လာထားသင့်ပါတယ်။ ညဘက် သူငယ်ချင်းတွေရဲ့ ပွဲသွားချင်တာပဲ ဖြစ်ဖြစ်၊ ပွဲမှာ အလုပ်သဘောအရ ပါဝင်ပေးဖို့ ဖိတ်ကြားခံရတာပဲ ဖြစ်ဖြစ် ကျက်သရေရှိရှိ စတိုင်ကျကျ ပွဲတတ်နိုင်ဖို့ လိုပါတယ်။ ဒီတော့ ဝတ်ဆင်ပုံတွေကို ကြည့်လိုက်ရအောင်နော်-
၁။ Style Pants တစ်ထည်ကတော့ ပျိုမေတိုင်းအတွက် မရှိမဖြစ်ပါ။ ဘောင်းဘီရှည်နဲ့အတူ လက်အပွအင်္ကျီစတိုင်က ခပ်မိုက်မိုက် စတိုင်ရစေပါတယ်။
၂။ ဂါဝန်ဝတ်ရတာ နှစ်သက်ပြီး ရင်အဟိုက်တွေ သဘောမကျရင် လည်ပင်းအစည်း ဂါဝန်တွေနဲ့ သင့်တော်ပါလိမ့်မယ်။
၃။ ဂါဝန်အဖြူကိုမှ အတိုလေးက ပေါင်တံအလှကို ပေါ်စေပါတယ်။
၄။ Off Shoulder Blouse ဝတ်စုံက ပွဲတက်ဖို့ သင့်တော်တဲ့ အင်္ကျီစတိုင် ဖြစ်ပါတယ်။
၅။ သင်က Elegant Cute Vibe လေး သွားချင်ရင် ဖဲပြားပါတဲ့ Blouse လေးနဲ့ စကပ်အကားကို တွဲနိုင်ပါတယ်။
၆။ Black And White ဝတ်စုံတွေက ပျိုမေတိုင်းရဲ့ အသားအရေတိုင်းနဲ့ လိုက်ဖက်ပါတယ်။ အဖြူအနက် တွဲမယ်ဆိုရင် အိတ်ကိုတော့ အရောင်မတူတာ တွဲသင့်ပါတယ်။
၇။ အင်္ကျီလက်ပြတ် ဂါဝန်တိုလေးနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ကတော့ အပေါ် အမြင့်စည်းထားတဲ့စတိုင်ပါ။ နားကပ်ကတော့ မပါမဖြစ်ပါ။
၈။ အင်္ကျီအရောင်ကို ပန်းရောင်လေး နှစ်သက်ရင် ဒီစတိုင်လေး ချုပ်ကြည့်နိုင်ပါတယ်။
၉။ အနီလေးနဲ့ ဆွဲဆောင်မှု ရှိရှိ လှချင်တဲ့ ပျိုမေတို့အတွက်
၁၀။ ခါးနေရာ ပိုသွယ်တယ် ထင်ရစေမယ့် ဂါဝန်စတိုင်
၁၁။ ဒီစတိုင်ကတော့ ခန္ဓာကိုယ် ခါးနေရာကို သိပ်မပေါ် စေချင်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar