လူ့အသိုင်းအဝိုင်းမှာ နေထိုင်နေကြသူတွေအနေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့အတွက် လိုက်နာစောင့်ထိန်းရမယ့် စည်းမျဥ်းစည်းကမ်းလေးတွေရှိပါတယ်။ မဟုတ်ရင် လူတွေရဲ့ ဖယ်ကျဥ်မှု ကဲ့ရဲ့မှုတွေကို ခံစားကြုံတွေ့ရမှာပါ။

ဒါမှမဟုတ်လည်း လူတစ်ယောက်နဲ့တစ်ယောက် စစချင်းတွေ့ချိန်မှာ First Impression မကျစေဘဲ ခံစားချက်ကောင်းအောင်လို့ ကျင့်ဝတ်စည်းမျဥ်းလေးတွေ လိုက်နာပြုမူရမှာလည်းဖြစ်ပါတယ်။

ကဲ…ဒါဆိုရင်တော့ ဘယ်လိုစည်းမျဥ်းတွေဖြစ်မလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

လူကြားသူကြားထဲ သံပုရာသီးညှစ်တဲ့အခါ လက် (သို့) ဇွန်းနဲ့ကာပြီး ညှစ်ပါ

သံပုရာရည်က မျက်လုံးထဲဝင်သွားတဲ့အခါ အင်မတန်ကို ဆိုးဆိုးရွားရွား နေရခက်စေပါတယ်။ အဲ့တာကြောင့် လူကြားထဲမှာ သံပုရာသီးကို အရည်ညှစ်မယ်ဆိုရင် လက် (သို့) ဇွန်းနဲ့ ကာပြီးလုပ်ဖို့ မမေ့ပါနဲ့နော်။

လက်သုတ်ပုဝါကို ပေါင်ပေါ်တင်တဲ့အခါ တြိဂံပုံစံမဟုတ်ဘဲ လေးထောင့်အနေအထား ထားပါ

ဆိုင်တွေမှာသွားစားတဲ့အခါ လက်သုတ်ပုဝါက သုံးကိုသုံးရမှာပါနော်။ သုံးတဲ့အခါမှာလည်း ပေါင်ပေါ်တင်ရမှာဖြစ်ပြီး လေးထောင့်အပြန့်ဖြန့်လိုက်ပါ။ မုန့်စားပြီးသွားရင်လည်း လက်သုတ်ပုဝါကို ပြန်မခေါက်ဘဲနဲ့ ကိုယ့်ပန်းကန်ရဲ့ ဘယ်ဖက်အခြမ်းမှာ ထားခဲ့လိုက်ပါ။

လက်ဖက်ရည်/ကော်ဖီ သောက်တဲ့အခါ လက်သန်းမထောင်ပါနဲ့

ကိုယ့်ရဲ့လက်ဖက်ရည်ခွက်၊ ကော်ဖီခွက်တွေကို ယူပြီးသောက်တဲ့အခါမှာ လက်သန်းလေးကို မထောင်လိုက်ပါနဲ့။ တချို့တွေက အဲ့လိုလုပ်တာမှန်တယ်ထင်ကြပေမယ့် တကယ်တမ်းကျတော့ မဟုတ်ပါဘူး။

နှာချေချောင်းဆိုးတဲ့အခါ ညာလက်မဟုတ်ဘဲ ဘယ်လက်နဲ့အုပ်ပါ

သူများအိမ်မှာ ထမင်းသွားစားတဲ့အခါ ထမင်းစားပွဲမှာ အိမ်ရှင်ထိုင်တဲ့အထိ စောင့်ပါ

စားပွဲကို မုန့်တစ်ခုခုရောက်တဲ့အခါ အရင်မနှိုက်ပါနဲ့

သူများတွေနဲ့ အတူတူ စားသောက်ဆိုင်မှာ စားသောက်တဲ့အခါ အစားအသောက်ရောက်လာတာနဲ့ အရင်ဆုံးမနှိုက်ပါနဲ့။ ကိုယ့်ဘေးဘီဝဲယာက လူတွေက အရင်စားမလားမေးပါ။ ပြီးမှ ကိုယ့်အတွက်ကိုယ်ယူပါ။

လက်ဖက်ရည်/ကော်ဖီမွှေတဲ့အခါ နာရီလက်တံအတိုင်း မွှေပါ

လက်ကိုင်အိတ်ကို အမြဲတမ်း ဘယ်ဖက်မှာလွယ်ပါ

ကုမ္မဏီစားသောက်ပွဲအပြီး အစားအသောက်ကျန်တာတွေ အိမ်သယ်မသွားပါနဲ့

စားပွဲမှာထိုင်တဲ့အခါ ဘယ်ဖက်ကနေထိုင်ပြီး ညာဖက်ကနေ ပြန်ထပါ

အကယ်လို့ သင်သိထားတဲ့ စည်းမျဥ်းလေးတွေရှိရင်လည်း တချက်လောက်ပြန်ပြီး မျှဝေပေးခဲ့ပါဦးနော်။