မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းခြယ်ခြင်းဟာ အမျိုးသမီးအားလုံးနှစ်သက်သဘောကျကြတဲ့ အရာပါ။ ဒီတခါမှာတော့ ပန်းနုရောင်ပြေပြေလေးသမ်းနေတဲ့ အလှပိုင်ရှင်လေးဖြစ်ဖို့ မိတ်ကပ်လိမ်းခြယ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

မိတ်ကပ်မလိမ်းခင်တိုနာလိမ်းတာ၊ Moisturizer လိမ်းတာ၊ Primer လိမ်းတာ၊ Base အောက်ခံဖောင်ဒေးရှင်းလိမ်းတာကို အရင်အတိုင်းပဲ လိမ်းနေကျအတိုင်းပဲလိမ်းလိုက်ပါ။

ပြီးရင်တော့ Loose Powder လေးကို Brush လေးနဲ့ လိမ်းပေးလိုက်ပါ။

သဘာဝကျတဲ့ အညိုရောင်မျက်ခုံးမွှေးဆွဲတံကို အသုံးပြုပါ။

ပြီးသွားရင်တော့ ပါးနှစ်ဖက် နဲ့ နှာခေါင်းကို Contour ချပေးပါ။

ပြီးရင် Matte Brown အရောင် Eyeshadow ကို သင့်ရဲ့ မျက်ခွံမှာလိမ်းပါ။

ပြီးသွားရင်တော့ Eyeliner နဲ့ Mascara ဆိုးပေးလိုက်ပါ။

မက်မွန်သီးရောင် ပါးနီလေးကို ဆိုးပေးလိုက်ပါ။ ပြီးရင် နှာခေါင်းကို Highlight ထည့်ပြီး နှုတ်ခမ်းမှာ Concealer ခပ်ပါးပါး လိမ်းလိုက်ပါ။

ပြီးရင်တော့ နှုတ်ခမ်းအတွင်းပိုင်းကို ပန်းရောင်ဆိုးလိုက်ပြီး နားကြပ်တံနဲ့ နှုတ်ခမ်းအပြင်ဘက်ကိုသေချာ Blend လုပ်ပေးလိုက်ပါ။

အရမ်းလှတဲ့ ပန်းနုရောင် ကောင်မလေးဖြစ်သွားပါပြီနော်။