မျက်နှာကို ဂရုစိုက်တာက မျက်နှာအသားအရေက နုပျိုပြီး ကျန်းမာတဲ့အသွင်ရဖို့အတွက် အရေးကြီးတာမှန်ပေမယ့် ဂရုစိုက်တဲ့နည်းလမ်းမှန်ဖို့တော့ အရေးကြီးပါတယ်။ တချို့ကြားဖူးနားဝရှိတဲ့နည်းတွေက လိုက်လုပ်မိတဲ့အခါ မျက်နှာအသားအရေကို ကောင်းဖို့ထက် ပျက်စီးဖို့ကို ပိုဖြစ်စေနိုင်ပါတယ်။

သွားတိုက်ဆေး

မျက်နှာမှာ ဝက်ခြံထွက်လာရင် သွားတိုက်ဆေးကိုလိမ်းပြီးအိပ်တဲ့အခါ ညတွင်းချင်း သိသိသာသာ လျော့ပါးစေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သွားတိုက်ဆေးမှာ Drying Agents နည်းနည်းပါတယ်ဆိုပေမယ့် လိမ်းမိရင် အသားအရေကိုယားစေပြီး ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်ပါတယ်။

သဘာဝထုတ်ကုန်

သဘာဝထုတ်ကုန်တွေက Chemical မပါလို့ Facial Care အတွက် အကောင်းဆုံးလို့ထင်တတ်ကြပါတယ်။ တကယ်တော့ Chemical ပါတဲ့ပစ္စည်းတိုင်းက မျက်နှာကို အန္တရာယ်မဖြစ်စေသလို သဘာဝထုတ်ကုန်တွေ အကုန်လုံးကလည်း အသားအရေအမျိုးအစားတိုင်းနဲ့ မသင့်လျော်ပါဘူး။

Day and Night Products

တချို့က Facial Care Products တွေကို နေ့ညရောသုံးတတ်ကြပါတယ်။ တကယ်တော့ Day Cream တွေက များသောအားဖြင့် SPF နဲ့ Antioxidants များပါဝင်ပြီး Day Cream တွေက အရေပြားပြုပြင်ခြင်းနဲ့ အာဟာရဖြည့်တင်းခြင်းတို့ကို အဓိကထားလုပ်ဆောင်ကြတာပါ။ ဒါကြောင့် အသားအရေရဲ့ န့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ Products များကိုသာ ရွေးသုံးပါ။

မျက်နှာသစ်တာ

မျက်နှာကို ခနခနသစ်တာက မျက်နှာရဲ့သဘာဝအဆီတွေက ခမ်းခြောက်စေတာကြောင့် အသားအရေခြောက်ပြီး ယားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Aggressive Peelings

Exfoliation က ချောမွေ့ကြည်လင်တဲ့ အသားအရေရဖို့အတွက် အများကြီးကူညီပေးပါတယ် ။ ဒါပေမယ့် ပြင်းလွန်းတဲ့ Exfoliation ကိုသုံးတာ ၊ အလွန်အကျွံသုံးတာတွေကတော့ အသားအရေကို ပျက်စီးစေပြီး ထိခိုက်လွယ်မှုနဲ့ နီမြန်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အပျော့စား Exfoliation နဲ့ တစ်ပတ်လျှင် ၂-၃ ကြိမ် ပုံမှန်ပြုလုပ်ပေးပါ။

ရေနွေး

ရေနွေးပူပူနဲ့ မျက်နှာသစ်တဲ့အခါ မျက်နှာရဲ့ သဘာဝအဆီများကို ဖယ်ထုတ်လိုက်ကြာတောင့် အသားအရေက ခြောက်လာပြီး ယားတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ရေနွေးအပူအစား ရေအေး သို့မဟုတ် ကြက်သီးနွေးရေကို သုံးပေးပါ။