ကိုယ့်မျက်နှာအသားအရေက ကြည်လင်မှုမရှိပဲ ညစ်နေတယ်လို့ ခံစားနေရတဲ့သူတွေအတွက် သုံးဖို့လိုအပ်တဲ့ skincare တွေကို ဖော်ပြပေးလိုက်ပါတယ်။

Brightening ဖြစ်စေတဲ့ Toner

မျက်နှာအသားအရေညစ်နေရင် brightening toner တွေသုံးပေးပါ။ ဆန်နဲ့တည့်တဲ့သူဆို rice toner သုံးလို့ရပါတယ်။ ဒါမှ မျက်နှာအသားအရေက လင်းပြီး bright ဖြစ်လာမှာပါ။ ကြည်လင်လာမှာပါ။

Serum ကောင်းကောင်း

မျက်နှာအသားအရေညစ်နေရင် serum ကောင်းကောင်းတစ်ခု ဝယ်သုံးပါ။ Skincare step တွေထဲမှာ serum ရဲ့ လုပ်ဆောင်မှုက အရမ်းထိရောက်ပါတယ်။ အသားအရေ သိသိသာသာ ပြောင်းလဲလာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် serum ကောင်းကောင်းတစ်ခု စွဲသုံးကြည့်ပါ။

Moisturizer

Moisturizer ကို မနက်၊ ည လိမ်းပေးဖို့ မမေ့ပါနဲ့။ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ moisturizer ကို ရွေးသုံးပါ။ Moisturizer မသုံးရင် အသားအရေက မွဲခြောက်ပြီး ညစ်နေမှာပါပဲ။ အသားအရေကြည်လင်နေဖို့ဆိုရင် အသားအရေက ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။

Sunscreen

နေခင်းဘက်တွေမှာ sunscreen မလိမ်းရင်တော့ skincare ဘယ်လောက်လုပ်လုပ် နေလောင်ပြီး အသားအရေက မွဲညစ်နေမှာ၊ ပျက်စီးမှာပါ။

Exfoliate

တစ်ပတ်တစ်ခါ exfoliate ပုံမှန်လုပ်ပေးရင် အသားအရေအတွင်းပိုင်းထဲက dead cells တွေ၊ အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတဲ့အတွက် အသားအရေ ကြည်လင်လာပြီး လိမ်းနေတဲ့ skincare တွေရဲ့ အာနိသင်ကိုလည်း ပိုမိုထိရောက်စေပါတယ်။

Sheet Mask

မျက်နှာအသားအရေညစ်နေရင် တစ်ပတ် ၂ ကြိမ်လောက် sheet mask ကပ်ပေးပါ။ Sheet mask ကပ်ပေးရင် အသားအရေက သိသိသာသာ စိုပြည်ပြီး ကြည်လင်လာစေတယ်၊ အသားအရေပိုကောင်းလာစေတယ်၊ glow လာစေပါတယ်။

ရေသောက်များဖို့

အသားအရေကြည်လင်စေဖို့ skincare ကြီးပဲ လိမ်းနေလို့လည်း မရပါဘူး။ ရေသောက်များဖို့လည်း လိုပါတယ်။ ရေသောက်နည်းရင် အသားအရေက မွဲခြောက်ခြောက်ကြီး ဖြစ်နေမှာပါ။