ရာသီဥတုက ဟိုးအရင်နှစ်တွေထက် ပိုအိုက်လိုက်တာကြောင့် သင့်အနေနဲ့ အပြင်သွားတဲ့အခါ ဖက်ရှင်ဝတ်ဆင်ပုံတွေကိုပါ ပြောင်းလဲဖို့ လိုလာပါပြီ။ မဟုတ်ရင် အပူချိန်နဲ့ သင်ဝတ်ထားတဲ့ ဖက်ရှင်နဲ့ ဘယ်လိုမှ သဟဇာတ မကျဘဲ သက်တောင့်သက်သာ ဖြစ်မှာ မဟုတ်ပါဘူး။ ပူလွန်းတဲ့ ရာသီအလိုက် လိုက်လျောညီထွေ ဖြစ်စေဖို့ ဆောင်ထားသင့်တဲ့ ဖက်ရှင်ဝတ်စုံတွေ ရှိပါတယ်။ သင့်အနေနဲ့ နောက်တစ်ခါ အဝတ်အစားတွေ ဝယ်တဲ့အခါ ဒီဖက်ရှင်တွေကို ဦးစားပေး ရွေးချယ်နိုင်ပါတယ်။ ဒီတော့ ဘယ်လိုအဝတ်အစားတွေက ပူအိုက်လွန်းတဲ့ နွေရာသီနဲ့ လိုက်ဖက်လဲ ကြည့်လိုက်ရအောင်-

၁။ အင်္ကျီလက်ပြတ်နဲ့ စကပ်အနက် အတို

အနက်ရောင်က အပူစုတ်တဲ့ ဓာတ်ခံရှိတာကြောင့် သင့်အနေနဲ့ ဘောင်းဘီရှည်မျိုးမဟုတ်ဘဲ စကပ်အတို၊ ဘောင်းဘီအတိုမျိုးကို ပိုင်ဆိုင်ထားသင့်ပါတယ်။ အနက်ရောင် ဘောင်းဘီ၊ စကပ်က အပေါ် အဝတ်အစားမျိုးစုံနဲ့ လိုက်ဖက်ပါတယ်။ နွေရာသီနဲ့ လိုက်ဖက်ဖို့ အပေါ်က အင်္ကျီလက်ပြတ်လေးတွေကို ရွေးချယ်နိုင်ပါတယ်။

၂။ အင်္ကျီတီရှပ် အဖြူ

အပူမစုတ်တဲ့ အဖြူလေးတွေက နွေရာသီရဲ့ အဖော်မွန် ဖက်ရှင်ပါပဲ။ အဖြူရှပ်နဲ့အတူ ဂျင်းဘောင်းဘီတို အပြာက သင့်ကို ပေါ့ပေါ့ပါးပါးရှိစေပြီး ပူအိုက်တာ သက်သာစေပါတယ်။

၃။ White Tank Top

အဖြူ စွပ်ကျယ် လက်ပြတ်တွေက ပေါ့ပေါ့ပါးပါး ဝတ်နိုင်သလို ဘောင်းဘီ စတိုင်ပန် အရှည်နဲ့ ကျက်သရေရှိရှိ ဝတ်နိုင်ပါတယ်။ ပူအိုက်တဲ့ အချိန်မှာတော့ ဘောင်းဘီရှည်မဟုတ်ဘဲ အောက်ဘက် အတိုနဲ့ တွဲဝတ်သင့်ပါတယ်။

၄။ စကပ်အဖြူ

စကပ်အဖြူကလည်း လူငယ်ဆန်ဆန် လှချင်တဲ့ ပျိုမေတို့ ပိုင်ဆိုင်ထားသင့်ပါတယ်။ စကပ်အဖြူနဲ့ အပေါ်က Blouse, Shirt မျိုးစုံ တွဲဝတ်နိုင်ပါတယ်။

၅။ ဂျင်းဘောင်းဘီတို

ဂျင်းဘောင်းဘီကို သင်က အတိုကြီး မကြိုက်ဘူးဆိုရင် ပုံထဲကလို အလယ်အလတ် အတိုရှိတဲ့ ဂျင်းဘောင်းဘီမျိုးကို ရှာဝယ်သင့်ပါတယ်။

၆။ အင်္ကျီလတ်ပြတ်

သင်က အတို မဝတ်ချင်လို့ ဘောင်းဘီရှည် ဝတ်တဲ့အခါ အပေါ် အင်္ကျီကိုတော့ အသားအေးတဲ့ အင်္ကျီလက်ပြတ်တွေကို ရွေးချယ်သင့်ပါတယ်။

၇။ ဂါဝန်

ဒူးအထက် ဂါဝန်တွေက ပေါ့ပေါ့ပါးပါး ရှိပြီး ပူအိုက်တဲ့ ရာသီဥတုနဲ့ အလိုက်ဖက်ဆုံးပါပဲ။ အပြာလွင်လွင်လေးတွေက မဖြစ်မနေ ပိုင်ဆိုင်ထားသင့်တဲ့ အရောင်ပါ။

၈။ စကပ်ဒဲ့ပွ အတို

စကပ်ကိုမှ အတွန့်မပါဘဲ ဒဲ့ကားသွားတဲ့ အတိုလေးတွေက ခြေတံ မရှည်တဲ့ မိန်းကလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ နွေရာသီနဲ့လည်း လိုက်ဖက်နေပြန်ပါတယ်။

၉။ ဘောင်းဘီအကွက် အပွ

စကပ်တို၊ ဘောင်းဘီတိုကို မရွေးချယ်ချင်တဲ့ ပျိုမေတို့အနေနဲ့ ဘောင်းဘီကို အသားပါးပြီး ပွတဲ့ အကွက်လေးတွေက လူငယ်ဆန်ဆန် လှနေစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar