ဖက်ရှင်ကျကျနဲ့ အလှဆုံးဖြစ်နေဖို့ဆိုတာက ဈေးအကြီးဆုံးအဝတ်အစားတွေကို ဝတ်တာ ဒါမှမဟုတ် နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းတွေကို လိုက်ဖို့ မလိုအပ်ပါဘူး။ ပဝါ သို့မဟုတ် နေကာမျက်မှန်တစ်လက်နဲ့တင် ဖက်ရှင်ကို ပြောင်းလဲလို့ရပါတယ်နော်။

ဒါကြောင့် အချိန်တိုင်းလိုလိုဖက်ရှင်ကျနေဖို့ဆိုရင် ဒါလေးတွေရှိဖို့တော့ လိုအပ်ပါတယ်နော်။

နေကာမျက်မှန်

ဝတ်စုံဝတ်ပြီး တစ်ခုခုလွဲနေသလိုခံစားရရင် နေကာမျက်မှန်တစ်လက်သာ ကောက်တပ်လိုက်ပါ။ အသွင်အပြင်ကို ချက်ချင်းပြောင်းလဲနိုင်ပြီး ထူးခြားတဲ့ပုံစံကို ပေါ်လွင်စေမှာပါ။

ဦးထုပ်

စတိုင်ကျတဲ့ ယောက်ျားလေးတိုင်း မိန်းကလေးတိုင်း သူတို့ရဲ့ ဗီရိုထဲမှာ ဦးထုပ်တစ်လုံးတော့ အနည်းဆုံး ဆောင်ထားတတ်ကြပါတယ်။ စတိုင်ကျပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ဦးထုပ်က သင့်ကို လူကြားထဲမှာ ထင်းစေမှာပါ။

ခါးပတ်

အင်္ကျီလက်ရှည် ဒါမှမဟုတ် ဆွယ်တာအရှည်တွေဝတ်တဲ့အခါမျိုးတွေမှာ ခါးပတ်ဝတ်လိုက်ရင် ခါးလေးကိုသေးတယ်လို့ထင်စေရပါတယ်။ အနက်ရောင် သို့မဟုတ် အညိုရောင် ခါးပတ်တွေက ဘယ်အချိန်ဘဲဝတ်ဝတ် မရိုးစေပါဘူး။

Scarves

ပုဝါကို ပုံစံအမျိုးမျိုး အသုံးပြုနိုင်ပြီး ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်ပါတယ်။ ရိုးရိုးရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီဝတ်လို့ ရိုးနေတယ်ထင်ရင် Scarves လေးကိုစည်းလိုက်ပါ။ တမူထူးခြားလှနေမှာပါ။

ရာသီအလိုက် ဖိနပ်

ဆွဲဆောင်မှုရှိတဲ့ဖိနပ်ဟာ အရေးကြီးတဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုပါ။ ဖိနပ်တစ်ရံက သင့်အကြောင်း အများကြီးပြောနိုင်တာမလို့ စတိုင်ကျဖို့အတွက်ဆို ဖိနပ်ရဲ့အရေးပါမှုကို မမေ့ပါနဲ့။

Jewelry

ပေါ့ပေါ့ပါးပါး ၀တ်စုံကို အမိုက်စားပုံစံပြောင်းလဲဖို့နဲ့ ပြီးပြည့်စုံတဲ့ Outfit ဖြစ်ချင်တယ်ဆိုရင်တော့ လည်ဆွဲတွေ နားကပ်တွေ ဝတ်တာကအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

အိတ်

 

လက်ကိုင်အိတ်မပါဘဲ ဘယ်တော့မှ အဝတ်အစားက ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ အိတ်တွေက သင့်ရဲ့ အသွင်အပြင်ကို အဆင့်တစ်ခု ထပ်တိုးစေနိုင်ပြီး သင့်ကိုယ်ပိုင်စတိုင်ကို ဖော်ပြနေပါတယ်။