ဒီတစ်ခေါက်မှာတော့ တည်ငြိမ်လေးနက်တဲ့ မျက်နှာပေါက်ရှိပြီး အတိုအပြတ်တွေနဲ့ သိပ်မလိုက်တဲ့ ပျိုမေတို့အတွက် ရည်ရွယ်ပြီး ဖက်ရှင်စတိုင်တွေကို ဖော်ပြပါရစေ။ ကိုယ့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ အဝတ်အစား စတိုင်ဆိုတာ တကယ်ရှိပါတယ်။

သင်က အခုအချိန်မှာ ဘာဝတ်ဝတ် မလှဘူးလို့ ခံစားရရင် သင့်မှာ သူများနဲ့ မတူတဲ့ Dress Code ရှိနေလို့ပါ။ ဒီလို Dress Code ကို သိနိုင်ဖို့က အမျိုးမျို ပြောင်းဝတ်ပြီး ဓာတ်ပုံရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ ကိုယ့်မျက်နှာကျနဲ့ ဆင်တူတဲ့ နာမည်ကျော်တွေဆီကနေ သင်ယူနိုင်ပါတယ်။

တရုတ်မင်းသမီး အဆိုတော် Yang Caiyu ဆိုရင် ရင့်ကျက်ပြီး အထက်တန်းဆန်တဲ့ စတိုင်နဲ့ ပိုလိုက်တာကို အောက်ပါ ပုံရိပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

သူမက ဂါဝန်လက်ဖောင်းလေးကို Minimalist Jewelry နဲ့ တွဲဝတ်ထားပါတယ်​။

အတိုလေး ဝတ်မယ်ဆိုရင်လည်း Yang Caiyu က မိန်းကလေးဆန်တဲ့ Blouse လေးနဲ့ တွဲထားတာကို တွေ့နိုင်မှာပါ။

ကြယ်သီးရွှေရောင်ပါတဲ့ အင်္ကျီလည်ဟိုက်က တည်ငြိမ်တဲ့ စတိုင်ရစေပြီး ပုလဲ Accessories တွေကို လိုအပ်ပါတယ်။

ဂါဝန်လေးနဲ့အတူ တည်ငြိမ်တဲ့ ပုံစံလေးကို ရဖို့ Hair Volume ကလည်း အရေးကြီးပါတယ်။ ဆံပင်ထူထူလေးဆိုရင် ပိုလှပါတယ်။

Yang Caiyu က ဒီထဲမှာတော့ Accessories တွေကို ကစားထားတာ တွေ့နိုင်ပါတယ်။

Business နဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ရမယ်ဆိုရင် Caiyu ရဲ့ ဝတ်ဆင်ပုံလေးကို မှတ်ထားသင့်ပါတယ်​။

ရှေ့ Scarf လေးတွေ တွဲဝတ်တာက အထက်တန်းဆန်ပြီး တည်ငြိမ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။

ကျက်သရေရှိရှိ ကုတ်အင်္ကျီကလည်း လူကြီးဆန်ဆန် လှချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်မှာပါ။

Off-Shoulder အင်္ကျီတွေက ပွဲတွေတက်တဲ့အချိန် လိုက်ဖက်သလို မိန်းကလေး ပိုဆန်စေပါတယ်။

ကျက်သရေရှိတဲ့ မျက်နှာပေါက်နဲ့ ပျိုမေတို့အနေနဲ့ V Neck အင်္ကျီတွေကို ပိုဦးစားပေးကာ ရွေးသင့်ပါတယ်​။

ခရီးတွေ သွားတဲ့အချိန် ဒီဖက်ရှင်လေးက Classic ဆန်ဆန် လှနေမှာ မလွဲမသွေပါပဲ။

Elegant Lady အဖြစ် ပြောင်းလဲပေးနိုင်မယ့် Yang Caiyu ရဲ့ စတိုင် ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar