မိန်းကလေးတစ်ယောက်အနေနဲ့ မိန်းမ မဆန်လွန်းရင်တောင် ဆန့်ကျင်ဘက် အမျိုးသားကို ဆွဲဆောင်နိုင်ဖို့ မိန်းကလေး ဆန်ဆန် နေထိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ မိန်းကလေး ပီသခြင်းကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ထားကြပါတယ်။ မိန်းကလေးဆန်ဆန် ပုံစံလေး လိုချင်တဲ့ ပျိုမေတို့အနေနဲ့ အရင် ဦးစားပေးသင့်တာကတော့ ဝတ်ဆင်ပုံ ဖက်ရှင်ပါ။

ကိုယ်ဝတ်တဲ့ အဝတ်အစားအလိုက် ကိုယ့်ပုံစံနဲ့ ကိုယ့်အတွေးက ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် လူတွေရဲ့ သင့်အပေါ် ထင်မြင်ချက်၊ အတွေးတွေကလည်း ခြားနားသွားနိုင်ပါတယ်။ ဒီတော့ ဘယ်လို မိန်းကလေးဆန်ဆန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကြမလဲ ကြည့်လိုက်ရအောင်နော်-

၁။ ကြိုးသိုင်းအင်္ကျီလေးက မိန်းကလေးဆန်တဲ့ စတိုင်ဖြစ်ပါတယ်။ ဒါနဲ့ တွဲနိုင်တာကတော့ စကပ်ရှည်နဲ့ပါ။

၂။ ရင်ဘက်အဟိုက် စတိုင်တွေက ကျက်သရေရှိပြီး မိန်းကလေးဆန်တဲ့ စတိုင် အဝတ်အစားပါ။ ဒါကို အောက်က စကပ်အရှည်လေးနဲ့ တွဲနိုင်ပါတယ်။

၃။ ဂါဝန် Dress တွေက သိပ်အားစိုက်ထုတ်စရာမလိုဘဲ သင့်ကို Elegant ဖြစ်စေမယ့် စတိုင်ပါ။ ဒါကို အပြင်ထပ် အရောင်တောက်တာလေးနဲ့ တွဲဖက်နိုင်ပါတယ်။

၄။ အင်္ကျီလက်ရှည် အကပ်လေးနဲ့ စကပ်အရှည်အကားလေးက မလိုက်ဖက်ဘူး ထင်ရပေမယ့် လိုက်ဖက်လှပါတယ်။

၅။ လည်ပင်းအပိတ်လေးနဲ့ စတိုင်က ဆွဲဆောင်မှုရှိလှပြီး ပျိုမေတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။

၆။ အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီအကားလေးက လိုက်ဖက်ပါတယ်။ အင်္ကျီလည်ပင်းကို ပုံထဲကလို ရှာဝယ်သင့်ပါတယ်။

၇။ သင်က Black And White Fashion ကို သဘောကျရင် ဒီစတိုင်လေးကို ဝတ်နိုင်ပါတယ်။

၈။ Elegant Style ကိုမှ အထာကျကျ ရှိုးထုတ်ချင်တယ်ဆိုရင် ဒီစတိုင်လေးနဲ့ အဆင်ပြေပါလိမ့်မယ်။

၉။ ကြိုးတစ်ချောင်း အင်္ကျီအနက်လေးက ပိန်ပိန်ပါးပါး ပျိုမေတို့နဲ့ လိုက်ဖက်ပြီး အောက်က ခါးပတ်၊ ဘောင်းဘီရှည်နဲ့ တွဲနိုင်ပါတယ်။

၁၀။ စကပ်အတိုနဲ့ Off The Shoulder အင်္ကျီလေးက မိန်းကလေးဆန်ပြီး လူငယ်လည်း ဆန်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar