ကျက်သရေရှိတဲ့ စတိုင်မျိုးက ကြည့်လိုက်တာနဲ့ လူတိုင်း လေးစားရတဲ့၊ မော့ကြည့်ရတဲ့ စတိုင်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်လို့ အထင်ခံချင်တဲ့ သူတွေ၊ အများရဲ့ ယုံကြည်မှု၊ အထင်ကြီးမှုကို လိုချင်သူတွေနဲ့ သင့်တော်တဲ့ ဖက်ရှင်ကတော့- Elegant Fashion Style ပါ။ Elegant ဖက်ရှင်ကို ပိုင်ဆိုင်နိုင်ဖို့ အင်္ကျီရွေးချယ်မှု၊ ဆံပင်စတိုင်၊ Accessories ရွေးချယ်မှုတွေနဲ့ မိတ်ကပ် Look တွေကလည်း အရေးပါ ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျက်သရေရှိရှိ အထက်တန်းဆန်ဆန် လှချင်တဲ့ ပျိုမေတို့ နမူနာယူနိုင်မယ့် ဖက်ရှင်စတိုင်၊ Makeup Look နဲ့ Accessories ရွေးချယ်ပုံတွေကို ဖော်ပြပါရစေ။

၁။ စကပ်အရောင်

စကပ်အရောင်ကို ရွေးချယ်တဲ့အခါ အသားရောင်၊ အရောင်ငြိမ်တာမျိုးကို ရွေးသင့်ပါတယ်။ ဖိနပ်ကို အပိတ်လေး ဝတ်ပြီး စကပ်အရှည်ဖြစ်ရင်တော့ အသင့်တော်ဆုံးပါပဲ။

၂။ အရောင်ရွေးချယ်မှု

အရောင် အဖျော့၊ အဖြူရောင်၊ ဆင်စွယ်ရောင်တို့က Elegant Look အတွက် ရွေးချယ်သင့်တဲ့ အရောင်တွေ ဖြစ်ပါတယ်။ လွယ်တဲ့အိတ်ကိုလည်း ဒီသဘောတရားပါပဲ။

၃။ တောက်ပတဲ့အရောင်

သင်က အရောင်တောက်တောက်တွေ ဝတ်မယ်ဆိုရင် Elegant Look ကို ပိုင်ဆိုင်ဖို့ မိတ်ကပ်ကို ထင်ရှားအောင် လိမ်းသင့်ပါတယ်။

၄။ ဒေါက်ဖိနပ်

ဒေါက်ဖိနပ်အမြင့်တွေက Elegant Fashion ကို ပိုင်ဆိုင်ဖို့ အထူးကူညီပေးနိုင်ပါတယ်။

၅။ ပေါ့ပေါ့ပါးပါး ဘောင်းဘီ

ပေါ့ပေါ့ပါးပါး Style Pants နဲ့ အရောင်တူတဲ့ အပြင်ထပ် တွေက စတိုင်ကျဖို့ ကူညီပေးနိုင်ပါတယ်။ ပုံထဲကလို အနွေးထည် စတိုင်က အမြင်ထည်ပြီး Elegant Fashion ကို ပိုင်ဆိုင်ချင်တဲ့ ပျိုမေတို့ ရွေးချယ်သင့်ပါတယ်။

၆။ Wide Leg Pants

Wide Leg Pants အနက်ရောင်က ကျက်သရေရှိတဲ့ စတိုင်ရအောင် ဖန်တီးပေးနိုင်ပါတယ်။

၇။ ပေါ့ပေါ့ပါးပါး စတိုင်

ပေါ့ပေါ့ပါးပါး စတိုင်လေး လိုချင်ရင်တော့ ဂျင်းဘောင်းဘီရှည်နဲ့အတူ Woman Blouse အတွဲအစပ်က အဆင်ပြေမှာပါ။

၈။ အင်္ကျီလက်

အင်္ကျီလက်ဖောင်းတွေက ကျက်သရေရှိရှိ လှချင်တဲ့ ပျိုမေတို့ ရွေးနိုင်တဲ့ စတိုင်တစ်မျိုးပါ။

၉။ Style Pants

ကိုယ့်အတိုင်းနဲ့ ကွက်တိကျတဲ့ Style Pants အနက်က ရွေးချယ်သင့်တဲ့ စတိုင်ဖြစ်ပြီး ဖိနပ် အနက်ရောင်နဲ့ တွဲနိုင်ပါတယ်။

၁၀။ အနွေးထည်ရွေးချယ်မှု

ထုထည်လေးတဲ့ အနွေးထည်တွေက ကျက်သရေရှိတဲ့ Look ကို ရစေနိုင်ပါတယ်။

၁၁။ အင်္ကျီလက်ပြတ်

ဖိနပ်အရောင်နဲ့ အင်္ကျီအရောင်ကို အတူတူ ဝတ်ကာ အင်္ကျီလက်ပြတ်နဲ့ ဘောင်းဘီအပွအတွဲအစပ်က ကျက်သရေ ရှိနေစေမှာပါ။

၁၂။ ခန္ဓာကိုယ် ကောက်ကြောင်းပေါ်ချင်တဲ့ ပျိုမေတို့ ဒီစတိုင်ကို ဝတ်ဆင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar