မင်္ဂလာပါ ပျိုမေတို့ရေ။ အရင်လိုလုပ်ငန်းခွင်ဝင်ပြီး ရုံးသွားရတဲ့အချိန်ပြန်ရောက်ပြီဖြစ်လို့ ပျိုမေတို့အနေနဲ့ ရုံးတက် ရုံးပြန်အဆင်ပြေစေမယ့် ဖက်ရှင်လေးတွေအကြောင်း သိထားဖို့လိုလာပါပြီနော်။ သင်ကရုံးတက်နေရတဲ့ သတ်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးက သင့်ရဲ့ဖက်ရှင်ပိုင်းအတွက် အထောက်အကူဖြစ်မှာပါ။

Business Woman တွေလို့ပြောလို့ရတဲ့ မမအရွယ်အမျိုးသမီးတွေဟာ လုပ်ငန်းခွင်ဖက်ရှင်ရွေးချယ်တဲ့အခါ ကျက်သရေရှိသလို စမတ်ကျကျနဲ့ပေါ်လွင်တဲ့ Outfit လေးတွေ ရွေးချယ်ပေးဖို့လိုပါတယ်။ “လူမှာအဝတ် တောင်းမှာအကွပ်” ဆိုတဲ့စကားအတိုင်း ကိုယ့်ပတ်ဝန်းကျင်၊ ကာလံဒေသံနဲ့ လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်လေးတွေရွေးဝတ်တတ်တာက ခေတ်မှီသလို ရှိရင်းစွဲအသက်ထက် ပိုငယ်ပုံပေါက်သွားစေမှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ရုံးတက်ရတဲ့မမတွေအတွက် မြင်သူတိုင်း လည်ပြန်ငေးရလောက်အောင် စမတ်ကျစေမယ့် Outfit အတွဲအစပ် အိုင်ဒီယာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

လုပ်ငန်းခွင်အတွက် Formal ဖြစ်ပြီး စတိုင်လည်းအရမ်းကျတာကတော့ Blazer အင်္ကျီတွေပါပဲ။ Blouse နဲ့ ရှပ်အင်္ကျီလေးတွေအပေါ် Blazer တစ်ထပ်တက်ဝတ်ပြီး အောက်က စတိုင်ပန့်၊ ခါးပတ်တို့နဲ့ တွဲဖက်ပြီးဝတ်ကြည့်ပါ။

ဒီလို အင်္ကျီလက်အရှည်အပွနဲ့ စတိုင်ဘောင်းဘီအရှည်လေးတွေ တွဲဖက်ဝတ်ဆင်တာကလည်း ရှင်းရှင်းလေးနဲ့ စတိုင်မိစေမှာပါ။

Blouse အရောင်အလင်းတွေနဲ့ စကပ်အကပ်လေးတွေ တွဲဝတ်ပေးတာကလည်း သင့်ကိုလုံးဝဆွဲဆောင်မှုရှိပြီး ရင့်ကျက်တည်ငြိမ်တဲ့အလှမျိုး ရစေပါတယ်။

သင့်အနေနဲ့ ရုံးတက်ရင်း အင်္ကျီလက်ပြတ်ဝတ်လို့ အဆင်ပြေတယ်ဆိုရင် ပြထားတဲ့ပုံတွေထဲကလို လက်ပြတ်လေးသာ ဝတ်သွားလိုက်ပါ။ နေရတာလွတ်လပ်ပြီး တစ်မျိုးလေးလှနေစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar