သင်က သင့်ပုံစံကို Expensive ဖြစ်တယ်ထင်ရစေချင်ရင် ဂါဝန်တွေ ဝတ်သင့်ပါတယ်။ ဂါဝန်က သင့်ကို စတိုင်ကျစေတဲ့အပြင် အထက်တန်း နေရာတစ်ခုက လာတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် လူအများစုက သင့်ပုံစံကို ကြည့်ပြီး လေးစားကြပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ မိန်းကလေးဆန်ဆန် ဖက်ရှင် ဝတ်ဆင်ပုံတွေနဲ့ လိုက်ဖက်မယ့် ဆံပင်အကောက် စတိုင်တွေကို ဖော်ပြပါရစေ။ သင်က ဒီဆံပင်အကောက်ပုံစံလေးတွေကို နမူနာ ယူပြီး ကောက်မယ်ဆိုရင် သင့်အလှက အရင်ထက် ထူးခြားပြီး အရင်ထက် တည်ငြိမ်လာပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ဆံပင်ထူတယ် ထင်ရစေမယ့် အကောက်စတိုင်

Voluminous Wavy Hairstyle က မျက်နှာသေးတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒီအကောက်စတိုင်ကိုမှ ကလစ်လေးနဲ့ တွဲဖက်နိုင်ပါတယ်။

၂။ Old Hollywood Hairstyle

ဟိုးအရင်က နာမည်ကျော် ဟောလီးဝုဒ်မင်းသမီးတွေ ပွဲတက်တဲ့အချိန် ကောက်လေ့ရှိတဲ့ ဆံပင်အကောက်စတိုင် ဖြစ်ပါတယ်။ ဒီအကောက်စတိုင်က ပွဲတက်တဲ့အချိန် အဆင်ပြေပါလိမ့်မယ်။

၃။ အကောက်အပြေလေး

အပူနည်းနည်းနဲ့ ကောက်လို့ရတဲ့ ဒီစတိုင်လေးက ကောက်သားမခံပေမယ့် ပေါ့ပေါ့ပါးပါး ဂါဝန်တွေ ဝတ်တဲ့အချိန် ပိုလှစေပါလိမ့်မယ်။

၄။ Side Part Wavy Hairstyle

ဆံပင်ခွဲကြောင်းကို အလယ်မခွဲဘဲ ဘေးဘက် ခွဲကာ ဆံပင်ကောက်လိုက်တာက သင့် Cranial Top ကို ပိုမြင့်သွားစေပါတယ်။

၅။ ကောက်သားညီတဲ့စတိုင်

အကောက်ပုံစံ ညီညီလေးနဲ့ သွားတဲ့စတိုင်က သင့်မျက်နှာလေးကို ပိုသွယ်စေပြီး ဂါဝန်စတိုင်တွေနဲ့ လိုက်ဖက်ပါတယ်။

၆။ အကြေကောက်

Mermaid Wave လို့ သိကြတဲ့ အကြေကောက် သေးသေးလေးတွေက ကမ်းခြေသွားလို့ ဂါဝန်ဝတ်တဲ့အချိန် အလှဆုံး ဖြစ်စေပါလိမ့်မယ်။

၇။ ဆံပင်တစ်ခြမ်းကို နောက်ပို့ထားမယ်

မေးရိုးကားတဲ့ ပျိုမေတို့အနေနဲ့ ဒီလို တစ်ဘက်ကို နောက်ဘက် ပို့လိုက်တဲ့ ဆံပင်စတိုင်က မျက်နှာပိုသွယ်သွားစေနိုင်ပါတယ်။

၈။ ဆံပင်အတို

ဆံပင်အတိုကို ကောက်သားတွေ အများကြီးမလိုချင်ရင် ဒီလိုအောက်ဘက်ကိုပဲ C-Curl လုပ်နိုင်ပါတယ်။ ဒီစတိုင်ကလည်း ဂါဝန်တွေ၊ Elegant Dress တွေနဲ့ လိုက်ဖက်ပါတယ်။

၉။ ဆံပင်တိုနဲ့ နောက်ထပ်လိုက်မယ့် ကောက်သား

ဒီပုံစံလေးက သင့်ကို ကဗျာဆန်ဆန်လှစေပြီး ဆံပင်တိုရင်လည်း ကောက်လို့ရတဲ့ စတိုင်ပါ။

၁၀။ ကလစ်နဲ့ နောက်ပို့ထားမယ်

သင်က Gigi Hadid လို အပေါ်ဘက် ရင်ဟိုက် Crop လေးတွေ ဝတ်မယ်ဆိုရင် ဒီလို ဆံပင်ကို ကလစ်နဲ့ နောက်ပို့ထားတာက မိန်းကလေးဆန်ဆန်နဲ့ ကြည့်လို့လှပါတယ်။

Photo Source: Pinterest

By MyStyle Myanmar