အားလုံးပဲ မင်္ဂလာပါ။ နေ့ရက်တိုင်းမှာ အမြဲတမ်းလှပနေဖို့ဆိုရင် အလှအပထိန်းသိမ်းစောင့်ရှောက်ရာမှာ မပျင်းမရိဘဲနဲ့ စိတ်ရှည်လက်ရှည် ပြုလုပ်ပေးဖို့လိုပါတယ်။

မိတ်ကပ်မလိမ်းခြယ်ထားရင်တောင် ကိုယ့်အသားအရေရဲ့ စိုပြေဝင်းပမှုကို ယုံကြည်ချက်ရှိနေဖို့က အဓိကကျပါတယ်။ မိတ်ကပ်လှလှလေးပြင်ဆင်ခြယ်သထားမယ်ဆိုရင်တော့ ပိုပြီးအလှတိုးစေတာပေါ့နော်။ မိတ်ကပ်ပြင်ထားတာကိုမှ ဆံပင်စတိုင်လ်လှလှလေးပါ ထပ်မံပြင်ဆင်လိုက်မယ်ဆိုရင် နတ်သမီးလေးလိုလှပသွားမှာပါ။

လှပတဲ့ ဆံပင်စတိုင်လ်ပြင်ဆင်နည်းလေးတွေကို လိုက်လုပ်လို့ရအောင် အတူတူဆက်လေ့လာကြည့်လိုက်ရအောင်နော်။

သရဖူကျစ်ဆံမြီး

အရင်ဆုံး ဘေးတစ်ဖက်တစ်ချက်စီမှာ ကျစ်ဆံမြီးကျစ်ပေးလိုက်ပါ။ ကျစ်ထားတဲ့ ကျစ်ဆံမြီးကို နည်းနည်းလေးပြန်ဖွလိုက်ပါ။ ပြီးရင် ဟိုဘက်ဒီဘက် ပတ်ပေးပြီး ကလစ်နဲ့ ညှပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ လှပတဲ့ သရဖူကျစ်ဆံမြီးလေး ရသွားပါပြီ။

ကျစ်ဆံမြီး ဘီးကုတ်

အဆင့် ၁ အနေနဲ့ ညာဘက်က ဆံပင်နည်းနည်းစီယူပြီး ဘယ်ဘက်အခြမ်းသို့ ကျစ်ဆံမြီး တောက်လျှောက်ကျစ်လာရမှာပါ။ ကျစ်ပြီးတဲ့ ကျစ်ဆံမြီးကို ခေါင်းစည်းကြိုးနဲ့ စည်းထားလိုက်ပြီး ကလစ်နဲ့ညှပ်ထားလိုက်ပါ။ ပြီးရင် ဆံပင်လိပ်စက်နဲ့ လိပ်မယ်။ ဆံပင်ကို ခပ်ဖွာဖွာလေးနဲ့ ဖောင်းဖောင်းလေးဖြစ်အောင် ဖြီးပြီးတဲ့နောက်မှာတော့ ကျစ်ဆံမြီးဘီးကုပ်ဆံပင်စတိုင်လေး ရရှိသွားပါပြီ။

ကျက်သရေရှိတဲ့ ကျစ်ဆံမြီး အောက်တွဲဆံထုံး

ဒီဆံပင်စတိုင်လ်လေးကတော့ ထသွားထလာနဲ့ ပေါ့ပေါ့ပါးပါးဆံပင်စတိုင်လ်မျိုးမဟုတ်ဘဲ ပွဲတက်ရတဲ့နေ့မျိုးမှာ ယဉ်ယဉ်လေးနဲ့ နန်းစံစေမယ့် စတိုင်လ်ပဲဖြစ်ပါတယ်။

ဆံပင်တိုတဲ့ပျိုမေလေးတွေလည်း ဆံထုံးထုံးလို့မရမှာ စိုးရိမ်စရာမလိုတော့ဘူးနော်။

ဒတ်ချ်မိန်းမပျိုလေးတွေ ကျစ်လေ့ရှိတဲ့ ကျစ်ဆံမြီး

အရင်ဆုံး ဆံပင်ဘေးဘက် ခွဲကြောင်းနှစ်ခုယူပြီး ကျစ်ဆံမြီးနှစ်ခုကျစ်ကာ အလယ်မှာ ချည်လိုက်ပါ။ ပြီးရင် ကလစ်နဲ့ညှပ်ထားမယ်ဆိုရင်တော့ တကယ့်ကိုလှပသွားမှာပါ။

ရိုးရှင်းလှပတဲ့ ကျစ်ဆံမြီးကျစ်နည်းနောက်တစ်မျိုး

နိုင်ငံခြားရုပ်ရှင်ကားတွေထဲက မင်းသမီးတွေ ပြုလုပ်လေ့ရှိတဲ့ ဆံပင်စတိုင်လ်များ

ဆံပင်တိုတဲ့ ကောင်မလေးတွေအတွက် ဆံပင်စတိုင်လ်များ

Photo Source: Pinterest.com