အတိုအပြတ်တွေနဲ့ အလန်းဇယားတွေဝတ်မှ ဖက်ရှင်ကျတယ်လို့ထင်နေတဲ့ခေတ်က ကုန်သွားပါပြီ။ အခုနောက်ပိုင်းမှာတော့ အတိုအပြတ်တွေထက် ဘောင်းဘီရှည်၊ စကပ်ရှည်လေးတွေက ပိုပြီးခေတ်စားလာတာကို တွေ့ရပါတယ်။ ဒီလိုအတိုအပြတ်တွေမဝတ်ဘဲ ဆွဲဆောင်မှုရှိရှိနဲ့လှပနေအောင် ဘယ်လိုတွေဝတ်ဆင်လို့ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ဘောင်းဘီအရှည်

အခုနောက်ပိုင်းမှာတော့ ကိုရီးယားမလေးတွေဝတ်သလို ဘောင်းဘီရှည်အကားလေးတွေနဲ့ အင်္ကျီနဲ့ဘောင်းဘီရှည် ဝမ်းဆက်လေးတွေက ဒီဇိုင်းအမျိုးမျိုးနဲ့ ခေတ်စားလာတာကို တွေ့ရပါတယ်။

အွန်လိုင်းရှော့ပင်းတွေမှာရော၊ ရှော့ပင်းစင်တာတွေမှာရော ဒီဇိုင်းမျိုးစုံနဲ့ရောင်းချနေတာဖြစ်တဲ့အတွက် လွယ်လွယ်ကူကူနဲ့ ဝယ်ဝတ်လို့ရနေပါပြီ။ ဈေးကလည်း အမျိုးမျိုးရှိတာဆိုတော့ ကိုယ်ကြိုက်သလိုရွေးချယ်နိုင်ပြီပေါ့။ ဒီလိုဖက်ရှင်လေးတွေက အတိုအပြတ်တွေထက် ပိုပြီးစတိုင်လ်ကျကျနဲ့ လှပစေတယ်လို့ ထင်ပါတယ်။ အဓိကကတော့ ကိုယ်ကဖက်ရှင်ကျကျဝတ်တတ်ဖို့ပဲ လိုတာပါ။

စကပ်အရှည်

အခုတလောအွန်လိုင်းရှော့ပင်းတွေမှာ တော်တော်လေးရောင်းလာတာကို တွေ့ရတာကတော့ စကပ်အရှည်လေးတွေပါ။ ဒီစကပ်အရှည်လေးတွေက ခြေမျက်စိနားထိရောက်တာတွေလည်းရှိသလို၊ ခြေသလုံးအလည်လောက်ထိရောက်တာတွေလည်း အများကြီးရှိပါတယ်။ ဒီမှာတော့ စကပ်အရှည်လေးတွေကိုဝတ်တာ သိပ်မတွေ့ရသေးပါဘူး။ ဘယ်လိုအင်္ကျီမျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပြီး ချစ်စရာလည်းကောင်းသလို လှလည်းလှနေစေမယ့် ဒီလိုစကပ်အရှည်ဖက်ရှင်လေးတွေကို ပျိုမေတို့အနေနဲ့ ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။

ဂါဝန်အရှည်

အခုနောက်ပိုင်းမှာအရမ်းခေတ်စားလာတဲ့ ဖက်ရှင်လေးတွေကိုပြပါဆိုရင်တော့ ဂါဝန်အရှည်ဖက်ရှင်လေးတွေကို ပြရမှာပါပဲ။ ဒါကတော့ ပရိသတ်တွေနဲ့လည်းရင်းနှီးပြီးသား ဖက်ရှင်လေးဖြစ်မှာပါ။ ဒီလိုဂါဝန်ရှည်လေးတွေကိုဝတ်ဆင်မယ်ဆိုရင်တော့ ရိုးရိုးလေးနဲ့ချစ်စရာကောင်းနေမှာ သေချာပါတယ်။ ဒီဖက်ရှင်လေးကိုတော့ Sneakers လေးတွေ၊ ရှူးဖိနပ်လေးတွေနဲ့ပဲစီးပါလို့ အကြံပြုပါတယ်။ ဒါကတော့ မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ဂါဝန်ဖက်ရှင်လေးပါ။ ကြည့်လိုက်တာနဲ့တင် မိန်းကလေးတိုင်းအကြိုက်တွေ့မှာ သေချာပါတယ်။

Photo Source: Pinterest