Hello MyStyle Myanmarရဲ့ အမာခံအချစ်တော်လေးတွေရေ….မင်္ဂလာပါနော်။ ဒီတစ်ခါမှာတော့ ဖက်ရှင်ချစ်သူအလှပဂေးလေးတွေအတွက် ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်၊ စမတ်လည်းကျစေပြီး မြင်သူငေးစေမယ့် ဖက်ရှင်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ဒီဖက်ရှင်လေးတွေက နေ့စဉ်ရုံးတက်နေရတဲ့ပျိုမေလေးတွေအတွက်နဲ့ ရုံးမှှာ မြန်မာဝတ်စုံမဝတ်ချင်ပဲ့ ပေါ့ပေါ့ပါးပါးလေးပဲ့ဝတ်ချင်တဲ့ ပျိုမေလေးတွေအတွက် အဓိကရည်ညွှန်းပြီး ပြောပြပေးချင်တာပါ။ ရုံးမှာ အရေးကြီးပွဲတစ်ခုခုရှိလို့ ဘာဝတ်ရမလဲ စဉ်းစားရကြပ်နေတဲ့ ပျိုမေလေးတွေအတွက်လည်း စမတ်ကျကျလှပစေမယ့် ဖက်ရှင်လေးတွေဆိုလည်း မမှားပါဘူး။

ကဲ..ဒီတော့ ဘယ်လိုဖက်ရှင်ဒီဇိုင်းလေးတွေကို ရုံးသွားတဲ့အခါ စတိုင်လ်ကျလှပနေအောင် ဝတ်ဆင်လို့ရသလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

ဒီလိုမျိုးဘောင်းဘီ‌အရှည်လေးနဲ့ ရှပ်အကျီအပျော့သားဖက်ရှင်လေးတွေကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ စမတ်ကျလှပနေစေပါတယ်နော်။

ဖက်ရှင်ကျကျ လှပနေစေဖို့ ကုတ်အင်္ကျီနဲ့ စတိုင်ပန်ကို ဝမ်းဆက်ဖြစ်နေတာမျိုး ရွေးချယ်ဝတ်ဆင်လိုက်ပါ။

လူငယ်ဆန်ဆန် အထာကျချင်ပေမယ့် ကုတ်အင်္ကျီထပ်မဝတ်ချင်ရင်တော့ ဘောင်းဘီနဲ့ လိုက်ဖက်မယ့်အင်္ကျီကို သေချာရွေးချယ်ရပါမယ်။

ဘောင်းဘီမဝတ်ချင်ဘူး၊ စကပ်ပြောင်းဝတ်ချင်တယ်ဆိုတဲ့ ပျိုမေလေးတွေကတော့ ဒီလိုမိန်းကလေးဆန်ဆန် ဆောင်မှုရှိရှိဝတ်ဆင်ပေးလို့ ရသေးတယ်နော်။

ဒီလိုမျိုး ဘောင်းဘီတစ်လှည့် စကပ်တစ်လှည့် ပြောင်းဝတ်ပေးမယ်ဆိုရင် ကိုယ့်ဖက်ရှင်လေးတွေက ပုံသေကားချပ်ကြီးလိုဖြစ်မနေဘဲ လူအများကြားမှာ အမြဲတမ်းသစ်လွင်တောက်ပပြီး ဆွဲဆောင်မှုရှိရှိလှနေမှာ အသေအချာပါပဲ။

Photo Source: Pinterest