ဒီနေ့မှာတော့ ဆံပင်အရှည်ထားတဲ့မိန်းကလေးတွေအတွက် ဆံပင်ထုံးဖွဲ့ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ အခုလိုအချိန်က အလှူပွဲတွေ မင်္ဂလာဆောင်တာတွေ ကျင်းပကြတဲ့အချိန်အခါလည်းဖြစ်တဲ့အတွက် ဒီလိုရိုးရှင်းလှပတဲ့ဆံထုံးဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သာမာန်ထုံးနေကျ ဆံထုံးပုံစံဒီဇိုင်းတွေနဲ့ ကွဲထွက်တာလေးတွေဖြစ်လို့ မိန်းကလေးတိုင်းကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ဒီဆံထုံးပုံစံလေးဆိုရင် ဆံပင်အုံထူတဲ့သူလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။  မင်္ဂလာဆောင်နဲ့လိုက်ဖက်သလို အလှူပွဲမှာလည်း ထုံးဖွဲ့လို့ အဆင်ပြေပါတယ်။

ကျစ်ဆံမြီးကျစ်တာမျိုးကြိုက်တယ်ဆိုရင်တော့ ဒီလိုလေးကျစ်ဆံပြီး နောက်တွဲဆံထုံးထုံးလို့ရပါတယ်။ လူငယ်လေးတွေနဲ့ အရမ်းလိုက်ဖက်စေတဲ့ ဆံထုံးလေးပဲ့ဖြစ်ပါတယ်။

ပန်းတွေပန်ရတာမျိုးမကြိုက်ဘူး၊ ရှင်းရှင်းကြီးဖြစ်နေတာလည်း မကြိုက်ဘူးဆိုရင်တော့ ဒီလိုနောက်တွဲလေးထုံးကြည့်လိုက်ပါ။

ပန်းကြိုက်တဲ့သူလေးတွေဆိုရင်တော့ နောက်တွဲဆံထုံးကို ဒီလိုဒီဇိုင်းလေးထုံးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလည်း လှပနေမယ့် ဆံထုံးလေးပဲ့ဖြစ်ပါတယ်။

အနီရောင်ဝတ်မယ့်သူလေးတွေကတော့ ဒီလိုဆံထုံးလေးထုံးရင် ကျက်သရေရှိရှိ အရမ်းလှနေမှာပါ။

ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းတာလေးကို သဘောကျတယ်ဆိုရင်တော့ ဒီဆံထုံးပုံလေးကို ကြိုက်မယ်ထင်ပါတယ်။

ဆံပင်ပါးတဲ့သူလေးတွေဆိုရင် ဒီလိုပုံစံနောက်တွဲဆံထုံးလေးနဲ့ အရမ်းလိုက်ပါတယ်။ ကပိုကရိုလေးနဲ့လှတာပေါ့။

ဆံပင်အနက်ဖြစ်နေလို့ ဆံထုံးထုံးရင် လူကြီးဆန်မယ်မထင်ပါနဲ့။ ဒီလိုနောက်တွဲဆံထုံးလေးတွေက လူကြီးမဆန်ပဲ အရမ်းလှနေမှာပဲ့ဖြစ်ပါတယ်။

Photo Source:Pinterest