ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ အသက် ၂၀ ကျော်၊ ၃၀ ကျော် မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ Elegant ဖြစ်ပြီး လှပနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။
ဆိုင်ကောင်းကောင်းလေးတွေ၊ အပြင်အဆင်လှတဲ့ ဆိုင်လေးတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ ဒီပုံလေးအတိုင်း ပို့စ်ပေးကြည့်ပါ။ Elegant ဖြစ်ပြီး အရမ်းလှပါတယ်။
ဒီလိုဘေးတစ်စောင်းအနေအထားလေးနဲ့ ရယ်နေတဲ့ပုံစံလေးလည်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။ ကိုယ့်ရဲ့မျက်နှာအလှလေးကို ပိုပေါ်လွင်စေပါတယ်။
မိန်းကလေးဆန်ဆန်လေး ပြင်ဆင်ထားပြီး ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီပုံလေးအတိုင်းသာ ပို့စ်ပေးကြည့်ပါ။ သူများနဲ့မတူပဲ အရမ်းလှပါတယ်။
Beach သွားတဲ့သူတွေ ကိုယ်လုံးပေါ်တဲ့ ဂါဝန်လှလှလေး ဝတ်ထားတဲ့အခါ ဒီလိုလေး ပို့စ်ပေးရိုက်ကြည့်ပါ။ Elegant ဖြစ်ပြီး အရမ်းလှသလို ဆွဲဆောင်မှုလည်း ရှိပါတယ်။
ဒီပုံလေးဆိုရင် အမြင်တစ်မျိုးလေးဆန်းပြီး အရမ်းလှပါတယ်။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကလှလေ လူလည်းပိုလှလေဖြစ်သွားမှာပါ။
ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ ဒီပုံလေးအတိုင်းသာ နေပြီးရိုက်ကြည့်ပါ။ Elegant ဖြစ်ပြီး လှတာပါပဲ။
ဒီပို့စ်လေးကျတော့ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ပေါ်မူတည်ပြီး Look ပြောင်းသွားမှာပါ။ ဒီဖက်ရှင်လေးနဲ့ကတော့ Elegant ဖြစ်ပြီး အရမ်းလှပါတယ်။
ခရီးသွားတဲ့အခါမျိုးမှာ ဖက်ရှင်ကျကျလေး ဝတ်စားထားရင် လမ်းမမှာ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိရှိနဲ့ မိုက်နေမှာ သေချာပါတယ်။ ဒီပို့စ်လေးမှာတော့ ဖက်ရှင်နဲ့ ခြေထောက်အနေအထားက အသက်ပါပဲ။
လူငယ်ဆန်ဆန်လေး ပေါ့ပါးတဲ့ ဖက်ရှင်ပဲဝတ်ထားတယ် ဒါပေမယ့် တည်ငြိမ်ပြီး Elegant ဖြစ်တဲ့ပုံစံလေး ပို့စ်ပေးချင်တယ်ဆိုရင် ဒီပုံလေးအတိုင်းသာ ပို့စ်ပေးကြည့်ပါ။
Photo source:www.pinterest.com