ကြက်ဥမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ အများကြီးပါတာမလို့ အသားအရေ ကြည်လင်တောက်ပမှုကို ထိန်းသိမ်းပေးပြီး အရေးကြောင်းများကို လျော့ကျစေပါတယ်။ ဒါကြောင့် မျက်နှာမှာ ကြက်ဥအကာကို လိမ်းပေးရင် အဆီမပြန်ဘဲ ကျန်းမာပြီး တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

ဒါဆို မျက်နှာအတွက် အကျိုးရှိတဲ့ Egg Pack တွေကို ဘယ်လိုလုပ်လို့ရလဲဆိုတာ ကြည့်ကြည့်ရအောင် –

ကြက်ဥအကာနဲ့ Lemon

ဝက်ခြံပြဿနာတွေရှိနေရင် ဗီတာမင် C ကြွယ်ဝတဲ့ ဒီ Egg Packs ကို သုံးပေးပါ ။ ကြက်ဥတစ်လုံးရဲ့ အကာကို ပျားရည် ၁/၂ ဇွန်း ၊ သံပုရာရည် ၁ ဇွန်းနဲ့ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ 15 မိနစ်လောက်ထားပြီးမှ ရေဆေးချပြီး အစိုဓာတ်ရအောင် Moisturizer လိမ်းပေးပါ။

ကြက်ဥအကာနဲ့ လိမ္မော်သီး

လိမ္မော်သီးနဲ့လုပ်ထားတဲ့ ဒီ Egg Pack က အမဲစက်တွေကိုလျော့ကျစေပြီး အသားအရေမညီတာကို သက်သာစေပါတယ်။ ကြက်ဥတစ်လုံးရဲ့ အကာကို လိမ္မော်ရည် ၁ ဇွန်း ၊ နနွင်းမှုန့်တစ်ဝက်နဲ့ရောပြီး မျက်နှာ နဲ့ လည်ပင်းနေရာကို လိမ်းပေးပါ။

အခြောက်ခံပြီး ရေဆေးချပါ။ ပြီးမှ Moisturizer လိမ်းပါ။

ကြက်ဥအကာ ၊ ထောပတ်သီး နဲ့ ဒိန်ချဉ်

ဒါလေးက မျက်နှာကို ကြည်လင်ဝင်းပစေပြီး အာဟာရပြည့်စေတဲ့ Egg Pack ပါ။ ကြက်ဥတစ်လုံးရဲ့ အကာကို ဒိန်ချဉ် ၁ ဇွန်း ၊ ထောပတ်သီးအမှည့် ၁/၄ ပုံခန့်နဲ့ သေချာသမအောင်မွှေပြီး မျက်နှာနဲ့ လည်ပင်းမှာ လိမ်းပြီး မိနစ် 20 လောက်ထားပါ။

ရေဆေးပြီး Moisturizer လိမ်းပါ။

ကြက်ဥအကာ

ဒါက မျက်နှာအတွက် လုပ်လို့ရတဲ့ အရိုးရှင်းဆုံး ကြက်ဥ mask တွေထဲက တစ်ခုပါ။ ကြက်ဥအကာကို အမြှုပ်ထလာတဲ့အထိ မွှေပေးပါ။စ ပြီးရင်တော့ Brush နဲ့ မျက်နှာပေါ်မှာ လိမ်းပေးပါ။ စက္ကူပဝါ (သို့) တစ်ရှူးကို ယူပြီး မျက်နှာပေါ်မှာ တင်ထားပါ။

ပြီးရင် နောက်တစ်ခေါက် ပြန်လိမ်းပေးပါ။ 10 မိနစ်လောက်ထားပြီးရင် စက္ကူကို ဖယ်လိုက်ပါ။ ပြီးမှ မျက်နှာကို ရေဆေးချပြီး Moisturizer လိမ်းပေးပါ။

ကြက်ဥအကာ ၊ သခွားသီးနဲ့ ပျားရည်

ဒါက အသားအရေကို နူးညံ့စေပြီး ဘေးထွက်ဆိုးကျိုးလုံးဝမရှိတာမလို့ ထိခိုက်လွယ်တဲ့ အသားအရေအတွက် သင့်တော်ပါတယ်။ ကြက်ဥတစ်လုံးရဲ့ အကာကို ဒိန်ချဉ် ၁ ဇွန်း ၊ ပျားရည် ၁ ဇွန်း ၊ သခွားသီးဖျော်ရည် ၁ ဇွန်းတို့နဲ့ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။

၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးမှ ရေဆေးချပြီး Moisturizer လိမ်းပါ။

ကြက်ဥအကာ ၊ ကြက်ဆူဆီနဲ့ ရှားစောင်းလက်ပတ်

ဒီ Egg Pack က ကော်လာဂျင်ထုတ်လုပ်မှုကို တိုးမြှင့်ပေးပြီး အိုမင်းရင့်ရော်ခြင်း လက္ခဏာများကို တားဆီးပေးတာကြောင့် Aging Skin တွေအတွက် သင့်တော်ပါတယ်။

ကြက်ဥတစ်လုံးရဲ့ အကာကို ကြက်ဆူဆီ ၁ ဇွန်း ၊ ရှားစောင်းလက်ပတ်ဂျယ် ၁ ဇွန်းတို့နဲ့ရောပြီး မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ မိနစ် 20 လောက်အကြာမှာ ရေဆေးချပါ။ ပြီးမှ ရေဆေးချပြီး Moisturizer လိမ်းပါ။