ကဲ..MyStyle Myanmarက လှပျိုဖြူမဒီလေးတွေရေ…ဆံပင်တွေ ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်အမျိုးမျိုးပြောင်းဆိုးလိုက်နဲ့ ခဏခဏလုပ်ကြတော့ ဆံသားတွေ ပျက်စီးပြီး ဆံပင်တွေကျွတ်လွန်းလို့ စိတ်ညစ်နေရပါသလား?? ဒီလိုဆံသားပျက်စီးနေတာကို Treatment မလုပ်ပဲ ဒီတိုင်းထားမယ်ဆိုရင် နောက်ထွက်လာတဲ့ဆံသားတွေကလည်း အရင်လောက်ကောင်းတော့မှာ မဟုတ်ပါဘူးဆိုတာ သိကြမယ်ထင်ပါတယ်။ ဒါကြောင့် ကိုယ်က ဆိုင်မှာသွားပြီး Treatment မလုပ်နိုင်ဘူးဆိုရင် အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ Treatment လုပ်ပြီး ဂရုစိုက်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကို လက်တို့ပါရစေနော်….

ကုန်ကျစရိတ်လည်းနည်းပြီး အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ အလွယ်တကူ Treatment လုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတစ်ခုကို ဝေမျှပေးလိုက်ပါတယ်။ ကဲ..ပျက်စီးကြွေမွနေတဲ့ဆံသားကို ကြက်ဥနဲ့ပေါင်းတင်ပြီး ပြန်လည်ကျန်းမာသန်စွမ်း နက်မှောင်တဲ့ဆံသားထူထူလေးတွေကို ရယူလိုက်ကြရအောင်…

ကြက်ဥနဲ့ပေါင်းတင်ဖို့အတွက် ကြက်ဥ တစ်လုံးကို အနှစ်ဖယ်ပြီး အကာအရည်ကိုပဲယူပြီး ပန်းကန်ထဲထည့်ပါ။

သံပုရိုသီး တစ်ခြမ်းကို အရည်ညှစ်ထည့်ပါမယ်။

ပြီးရင်တော့ မွှေပြီး ဆံပင်အမြစ်ကနေ အဖျားထိ နှံ့နေအောင် လိမ်းထားပေးပါ။ မိနစ် ၃၀ (သို့) ၁ နာရီလောက်ထားပြီးရင်တော့ အရမ်းပူ အရမ်းအေးတာမျိုးမဟုတ်ပဲ့ ကြက်သီးနွေးရေလေးနဲ့ ဆေးချပြီး ခေါင်းလျှော်ရပါမယ်နော်။

ဆံသားအရမ်းပျက်စီးနေရင် ဆံပင်ကောက်တာ၊ ဖြောင့်တာ၊ ဆေးဆိုးတာတွေကို ဘာမှမလုပ်ပဲ ဒီလို အိမ်မှာပဲ Treatment ပုံမှန်လုပ်သွားပေးပါ။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးသွားရင် ပျက်စီးနေတဲ့ဆံသားတွေက ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။