အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆိုရင် ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားရမှာ အသေအချာပါပဲ့နော် ပျိုမေလေးတို့ရေ… ဆံပင်ကိုပုံမှန်ပေါင်းပေးချင်ရင်တော့ ပေါင်းဆေးတွေ ဈေးကြီးပေးပြီး ဝယ်သုံးနေမယ့်အစား ကြက်ဥကိုသုံးပြီး ပုံမှန်ပေါင်းတင်ပေးပါက သဘာဝအတိုင်း ကောင်းမွန်စေမှာပါ။ ကြက်ဥဟာ ဘယ်လို ဆံပင်သားမျိုးနဲ့မဆို လိုက်ဖက်တဲ့အပြင် ဆံသားတွေဖွာခြင်း ပျက်စီးခြင်းကိုလည်း ပြုပြင်ပေးပါတယ်။

ဒါကြောင့် ဘယ်လိုဆံပင်အမျိုးအစားဆိုရင် ကြက်ဥကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။ လွယ်ကူရိုးရှင်းလွန်းတဲ့ သဘာဝနည်းလေးမို့လို့ ပုံမှန်လိုက်လုပ်ပေးခြင်းဖြင့် ဆံနွယ်လေးတွေကို ဂရုစိုက်ကြရအောင်နော်…

ပုံမှန်ဆံသားဆိုရင်တော့ ကြက်ဥ တစ်လုံးလုံးသုံးလို့ အဆင်ပြေပါတယ်။

အဆီပြန်တတ်တဲ့ ဆံသားတွေကျတော့ အကာကိုပဲ့ သုံးသင့်ပါတယ်။

ခြောက်သွေ့ပြီး ဖွာတဲ့ ဆံသားကို ပိုင်ဆိုင်ထားရရင်တော့ အနှစ်ကိုပဲ သုံးပြီးပေါင်းတင်ပေးပါ။

ပေါင်းတင်နည်းလေး

ကြက်ဥ တစ်လုံး သို့မဟုတ် နှစ်လုံးကိုသုံးပြီး မိနစ် ၂၀လောက် သုတ်လိုက်ထားပြီးနောက် ရေအေးနဲ့ဆေးချပြီး သုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ ဆံပင်ပျက်စီးမှုအနည်းငယ်ကစပြီး ကြီးမားတဲ့ပျက်စီးမှုအထိ ကြက်ဥကိုသုံးပြီး ပုံမှန်ပေါင်းပေးနိုင်ပါတယ်နော်။