နားကျပ်ကြီးတပ်ပြီး သီချင်းနားထောင်ရင်းနဲ့ အိပ်ပျော်သွားမယ်ဆိုရင်တော့ ဦးနှောက်နဲ့အာရုံကြော၊ နားစည်တို့ကို ထိခိုက်စေပါတယ်။ ဒါကြောင့် နားထောင်မယ်ဆိုရင် စက်နဲ့ဖွင့်ပြီး အသံအရမ်းမကျယ်ပဲ နားထောင်တာမျိုးဖြစ်ဖြစ်၊ မအိပ်ခင်မှာ သီချင်းအေးအေးလေးတွေ၊ စိတ်ပျော်ရွှင်စေမယ့် သီချင်းကောင်းလေးတွေကို နားကျပ်နဲ့ နားထောင်တာမျိုးဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။ ဒီလို့ အိပ်ခါနီးမှာ သီချင်းနားထောင်ပေးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။

စိတ်ကို Relax ဖြစ်စေတယ်

အိပ်ခါနီးမှာ သီချင်းနားထောင်ပေးခြင်းက စိတ်ကို အရမ်း Relax ဖြစ်စေပါတယ်။ စိတ်ပင်ပန်းမှု၊ စိတ်ရှုပ်မှုတွေ ပြေပျောက်ပြီး စိတ်ပျော်ရွှင်စေတယ်။ စိတ်ညစ်နေတဲ့အချိန်မှာဆို စိတ်ကိုတက်ကြွလန်းဆန်းစေပါတယ်။

မြန်မြန်အိပ်ပျော်စေတယ်

သီချင်းအေးအေးလေးတွေ၊ စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ သီချင်းလေးတွေကို မအိပ်ခင်မှာနားထောင်ပေးခြင်းက မြန်မြန်အိပ်ပျော်စေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဆိုးကျိုးမဖြစ်စေဖို့ အိပ်ပျော်ခါနီးပြီ၊ အရမ်းအိပ်ချင်လာပြီဆိုရင် သီချင်းကို သတိထားပြီး ပိတ်ပေးပါ။

အိပ်လို့ပိုကောင်းစေတယ်

မအိပ်ခင်မှာ သီချင်းနားထောင်ပေးတာက ပိုပြီးအိပ်လို့ကောင်းစေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေပါတယ်။

Stress တွေလျော့ကျသွားစေတယ်

Stress တွေရှိနေရင် အိပ်ခါနီးမှာ အတွေးတွေများနေပြီး တော်ရုံနဲ့အိပ်မပျော်နိုင်ပါဘူး။ အရမ်း Stress များလွန်းရင် အသက်ရှူတွေကျပ်လာတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ခါနီး အိပ်ယာပေါ်မှာလှဲပြီး သီချင်းနားထောင်ပေးပါ။ ဒါဆိုရင်တော့ ဟိုတွေးဒီတွေးလည်း လျှောက်မတွေးမိတော့ပဲ သီချင်းနဲ့မျောပြီး စိတ်သက်သာရာရလာမယ်၊ Stress တွေလည်း လျော့ကျလာပါမယ်။

Source:www.sleepadvisor.org