ဆံပင်အရှည်ကြီးထားမယ်ဆိုရင် ဆံသားထိန်းသိမ်းဖို့ လိုပါတယ်။ ဆံသားမထိန်းသိမ်းရင် ဆံပင်အဖျားရှူးတာတွေ၊ ဆံပင်ကျွတ်တာ၊ ပါးတာတွေဖြစ်ပြီး ဆံပင်အရှည်က လုံးဝကို ကြည့်လို့မလှပါဘူး။ ဒါကြောင့် ဆံပင်အရှည်ကြီးထားတဲ့သူတွေအတွက် ဆံသားပုံမှန်ထိန်းသိမ်းနည်းတွေကို မျှဝေပေးလိုက်ပါတယ်။
ပုံမှန်ခေါင်းလျှော်ပါ
ဆံပင်အရှည်ကြီးထားပြီး ခေါင်းလျှော်ရမှာပျင်းလို့ မလျှော်ပဲထားတာမျိုး လုံးဝမလုပ်ပါနဲ့။ ဆံသားထိခိုက်ပျက်စီးတာ၊ ဗောက်ထတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ခဏခဏလျှော်စရာလည်း မလိုပါဘူး။ ခဏခဏခေါင်းလျှော်ရင် ဆံပင်ကျွတ်ပြီး ဦးရေပြားပါပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ၊ ၅ ရက် တစ်ခါလောက် ပုံမှန်လျှော်ပေးရင် ရပါပြီ။
Conditioner သုံးပါ
ခေါင်းလျှော်ပြီးတိုင်းမှာ conditioner သုံးပေးပါ။ သုံးတဲ့အခါမှာလည်း ဦးရေပြားကိုမထိပါနဲ့။ ခေါင်းလျှော်ပြီးတိုင်း conditioner သုံးပေးရင် ဆံသားပျော့ပြီး ပုံကျစေတယ်၊ ဆံသားပုံပိုလှစေတယ်။ ဆံသာပျက်စီးတာတွေ သက်သာစေပါတယ်။
Hair treatment ပုံမှန်လုပ်ပါ
တစ်ပတ်တစ်ခါလောက် ဆိုင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် hair treatment ပုံမှန်လုပ်ပေးပါ။ ဒါမှ ဆံသားက healthy hair ဖြစ်ပြီး လှနေမှာပါ။ ဆံပင်အရှည်ကြီးက ပျက်စီးတာမျိုးတွေမရှိရင် အရမ်းလှပါတယ်။
Hair oil လိမ်းပါ
ဆံသားကျန်းမာပြီး အုံထူစေဖို့၊ ဆံသားပျက်စီးတာတွေ သက်သာပြီး ဆံသားလှပစေဖို့အတွက် ခေါင်းလျှော်ခါနီး နာရီပိုင်းလောက်အလိုမှာပဲဖြစ်ဖြစ်၊ တစ်ညအလိုမှာပဲဖြစ်ဖြစ် ဆံသားအနှံ့ hair oil တစ်ခုခုလိမ်းပြီး သွေးလည်ပတ်မှုကောင်းအောင် ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးပါ။ ခေါင်းလျှော်ပြီး မစိုမခြောက်အချိန်မှာ hair serum or hair oil တစ်ခုခုကို လိမ်းပေးပါ။ ဆံပင်အဖျားလေးတွေကို များများလိမ်းပေးပါ။ ဒါမှ ဆံပင်နှစ်ခွဖြစ်တာမျိုးလည်း မရှိမှာပါ။
အိပ်တဲ့အချိန်မှာဆံပင်ချမအိပ်ပါနဲ့
အိပ်တဲ့အချိန်မှာ ဆံပင်ကိုဖားလျားချပြီး မအိပ်ပါနဲ့။ ဖွဖွလေးချည်ပြီး အိပ်တာပဲဖြစ်ဖြစ်၊ ကျစ်ဆံမြီးလျော့လျော့လေး ကျစ်အိပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ဒီတိုင်းဖားလျားချအိပ်ရင် ဆံသားပျက်စီးစေသလို ဆံပင်အရှည်ကြီးနဲ့လည်း အဆင်မပြေပါဘူး။ ဆံပင်က မျက်နှာကိုထိရင် မျက်နှာမှာ ဝက်ခြံပေါက်တာ၊ အဆီဖုပေါက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
ဘီးကြဲသုံးပါ
ခေါင်းဖြီးတဲ့အခါမှာ ဆံပင်က အရမ်းရှည်တဲ့အတွက် ဘီးစိပ်တွေသုံးရင် ရှင်းရခက်ပြီး ငြိတာ၊ ကျွတ်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘီးကြဲပဲသုံးပေးပါ။ ဆံပင်ရှင်းတဲ့အခါမှာလည်း အောက်ကနေစပြီး ဖြေးဖြေးချင်းစီ၊ နည်းနည်းချင်းစီ စိတ်ရှည်ရှည်နဲ့ှရင်းပါ။
ဆိုးဆေး Chemical တွေ ခဏခဏမသုံးပါနဲ့
ဆံပင်အရှည်ကြီးထားပြီး ဆိုးဆေးတွေခဏခဏသုံးနေတာမျိုး၊ chemical တွေ ခဏခဏသုံးနေတာမျိုး မလုပ်ပါနဲ့။ ဆံပင်ပျက်စီးနေရင် အရှည်ထားလို့လည်း အဆင်မပြေပါဘူး။ အရှည်နှေးစေပါတယ်။