စိုးရိမ်ပူပန်မှုတွေ၊ သောကတွေများနေရတဲ့သူတွေအတွက် စိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေမယ့် ထိရောက်သော ယောဂကျင့်စဉ်တွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ ယောဂကျင့်စဉ်တွေဖြစ်လို့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။ ယောဂကျင့်စဉ်တစ်ခုချင်းစီကို စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးလို့ရပါတယ်။

ဒီယောဂကျင့်စဉ်ကတော့ စိတ်ဖိစီးမှု stress တွေ၊ စိုးရိမ်ပူပန်မှုတွေကို သိသိသာသာ လျော့ကျသွားစေမယ့် ယောဂကျင့်စဉ်ဖြစ်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

ဒီယောဂကျင့်စဉ်ကလည်း သွေးလည်ပတ်မှုကောင်းမွန်စေပြီး စိုးရိမ်ပူပန်စိတ်တွေ stress တွေ လျော့ကျစေကာ စိတ်တည်ငြိမ်စေပါတယ်။

ဒီယောဂကျင့်စဉ်ကတော့ ခြေထောက်အကြောတွေတင်းနေတာ၊ ညောင်းညာကိုက်ခဲနေတာတွေကို သက်သာစေပြီး စိတ်ဖိစီးမှုတွေ လျော့ကျသွားစေပါတယ်။

ဒီယောဂကျင့်စဉ်ကတော့ ခါးနာတာ၊ ဇာတ်ကြောတက်တာနဲ့ တစ်ကိုယ်လုံးညောင်းညာနေတာကို သက်သာစေပြီး စိတ်ရောလူပါ နုံးနေတာကို သက်သာစေပါတယ်။ စိတ်ကို relax ဖြစ်ပြီး ပေါ့ပါးသွားစေပါတယ်။

အကြောတွေကိုဆန့်ထုတ်ပစ်လိုက်တဲ့ ယောဂကျင့်စဉ်ဖြစ်လို့ ညောင်းညာကိုက်ခဲတာတွေ သက်သာစေပါတယ်။ စိတ်တည်ငြိမ်စေပြီး စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားစေပါတယ်။

သွေးလည်ပတ်မှုကောင်းမွန်စေပြီး စိတ်ကိုထိန်းချုပ်ပေးနိုင်တဲ့ ယောဂကျင့်စဉ်ဖြစ်လို့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ အားလုံးလျော့ကျသွားစေပါတယ်။

အညောင်းအညာပြေစေပြီး ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းသွားစေသလို၊ စိတ်လည်း relax ဖြစ်စေတဲ့ ယောဂကျင့်စဉ်ဖြစ်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်။

ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေတဲ့ ယောဂကျင့်စဉ်ဖြစ်လို့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ အားလုံး ပျောက်သွားစေပါတယ်။

ဒီယောဂကျင့်စဉ်ကတော့ အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူပြီး ပြန်ထုတ်ရမယ့် ယောဂကျင့်စဉ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေအားလုံး လျော့ကျသွားပြီး စိတ်တည်ငြိမ်စေပါတယ်။ ယောဂကျင့်စဉ်တွေထဲမှာ အလွယ်ကူဆုံး ယောဂကျင့်စဉ်ဖြစ်လို့ နေ့တိုင်းလုပ်ပေးသင့်ပါတယ်။