တင်ပါးတင်းရင်းချင်တဲ့သူတွေအတွက် တင်ပါးတင်းရင်းလာစေဖို့ ထိရောက်မှုရှိတဲ့ Workout တွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာပဲလုပ်လို့ရတဲ့ Workout တွေဖြစ်လို့ လူတိုင်းလုပ်ရတာ အဆင်ပြေမှာပါ။ Workout တွေ အများကြီးမလုပ်နိုင်ရင်တောင်မှ ဒီ Workout တွေကိုပဲ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် သိသာတဲ့ Result ကို ရရှိစေမှာ ဖြစ်ပါတယ်။

Balancing Squat

ပုံမှာလုပ်ပြထားတဲ့အနေအထား 2 မျိုးကို 10 ကြိမ်လုပ်ပေးရမှာပါ။ ခြေထောက်ကို ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပြီး တစ်ဖက်ကို 10 ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Standing Slow Side Kick

ခန္ဓာကိုယ်ကို မတ်မတ်နေပြီး ခြေထောက်ကို ဘေးကားလိုက် ပြန်စုလိုက်နဲ့ 15 ကြိမ်လုပ်ပေးပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို 15 ကြိမ်စီ လုပ်ပေးရမှာ ဖြစ်ပါတယ်။

Hip Raise

ကြမ်းမှာလှဲပြီး ဒူးတစ်ဖက်ထောင် ခြေထောက်တစ်ဖက်ကို ဆန့်တန်ထားပြီး တင်ပါးကို အပေါ်ကြွလိုက်၊ အောက်ပြန်ချလိုက် လုပ်ပေးပါ။ အနည်းဆုံး 10 ကြိမ်လုပ်ပေးရမှာဆိုပေမယ့် အဲ့ထက်ပိုလုပ်နိုင်ရင်တော့ ပိုကောင်းပါတယ်။

Traveling Squat-Kick

ခြေထောက်တစ်ဖက်ကို ရှေ့ဆန့်ထုတ်လိုက်၊ ထိုင်လိုက်နဲ့ 15 ကြိမ်လုပ်ပေးပါ။ ပြီးရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။ တစ်ဖက်ကို 15 ကြိမ်စီ ဖြစ်ပါတယ်။

External Hip Raise

ပုံမှာလုပ်ပြထားတဲ့အတိုင်းတစ်ဖက်လှည့်ပြီး ခြေထောက်တစ်ဖက်ကို ကားလိုက်၊ ပြန်စုလိုက် လုပ်ပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အကြိမ် 20 စီ လုပ်ပေးပါ။

Single Leg Raise

လက်ထောက်၊ ဒူးထောက်ပြီး ခြေထောက်တစ်ဖက်ကို ဘေးကားလိုက်၊ ပြန်စုလိုက်နဲ့ အနည်းဆုံး 15 ကြိမ်လုပ်ပေးပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။