အားလုံးပဲမင်္ဂလာပါနော်။ ပိန်တာထက် Fit ဖြစ်နေတဲ့ ခန္ဓာကိုယ်မျိုးက ပိုပြီးတော့ဆွဲဆောင်မှုရှိပါတယ်နော်။ ဒီလို Fit ဖြစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေ၊ အသီးအနှံတွေကို စနစ်တကျလေး စားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေများများသောက်ပြီး လေ့ကျင့်ခန်းလေးကိုပါ တွဲလုပ်ပေးရင်တော့ ကိုယ့်လိုချင်တဲ့ ကျစ်လစ်လှပတဲ့ Body လေးကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်ရရှိမှာပဲ့ ဖြစ်ပါတယ်။

၁။ V-Sit Crunch

အရင်ဆုံး ကျောလှဲနေလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ချထားပါ။ ပြီးရင်တော့ ဗိုက်ကို အားပြုပြီး ခန္ဓာကိုယ်ကို ကြွလိုက်ကာ ခြေထောက်လေးကိုလည်း မြောက်ပေးလိုက်ပါ။

တခါလုပ်ရင် ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၂။ Donkey Kick

အရင်ဆုံး ပုံမှာပြထားသလို လေးဘက်ထောက်လေးနေလိုက်ပြီး ခြေထောက်တစ်ဖက်ကို မြောက်ပေးပါ။ တစ်ဖက်ကို အကြိမ် ၂၀ ဘယ်၊ ညာ လုပ်ပေးပါ။ အဲဒါကိုမှ တဘက်ကို ၃ ကြော့ဆီ လုပ်ပေးရပါမယ်နော်။

၃။ Bridge

အရင်ဆုံး ကျောလှဲနေလိုက်ပြီး။ ဒူးထောင်ကာခြေထောက်ကို ချထားပါ။ လက်နှစ်ဖက်ကို ဆန့်ထားလိုက်ပြီး ခန္ဓာကိုယ်အလယ်ပိုင်းကို ကြွပေးလိုက်ပါ။ တခါလုပ်ရင် ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။

၄။ Plank

အခုပုံမှာပြထားသလိုမျိုး Plank ထောက်ပေးရမှာပါ။ ဒီလိုလုပ်တဲ့အခါ ခါးကို ဖြောင့်ဖြောင့်ထားဖို့လိုတယ်နော်။ ကိုယ်နေနိုင်သလောက်နေပါ။ ၃ ကြော့လုပ်ပေးပါ။

၅။ Side-Lying Leg Lifts

အရင်ဆုံး ဘေးဘက်လှဲနေပေးပါ။ ပြီးရင် လက်ကို ပုံမှာပြထားသလို ချထားပြီး ခြေထောက်ကို မြောက်ပေးရမှာဖြစ်ပါတယ်။ တခါလုပ်ရင် ဘယ်၊ ညာ ၁၅ ကြိမ် ၃ ကြော့လုပ်ပေးပါ။