မိန်းကလေးတိုင်းက လှချင်သူတွေချည်းပါပဲ။ ဘယ်နေရာမှာပဲနေထိုင်ပါစေ မိန်းကလေးဆိုတာနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်ချင်ကြတယ်။ အသားအရေပိုလှချင်သူတွေချည်းပါပဲ။ နိုင်ငံအသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ဝိတ်ချတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေက စိတ်ဝင်စားဖို့ကောင်းသလို ဝိတ်ကျချင်သူလေးတွေအတွက် အမှန်တကယ်လည်း ထိရောက်ပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းက ဝိတ်ချနည်းတွေအကြောင်း သိထားသင့်ပြီး စမ်းမလုပ်ကြည့်သင့်ဘူးလား။

၁။ ထိုင်း- အစပ်စားတယ်

ထိုင်းအစားအသောက်အများစုက အစပ်များကြပါတယ်။ ငရုတ်သီးက ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ ကယ်လိုရီချေဖျတ်တာပိုမြန်စေပါတယ်။

၂။ ပိုလန်- အိမ်မှာပဲစားကြတယ်

အပြင်စာတွေမှာကိုယ်မသိနိုင်တဲ့ အဆီတွေ ၊ ကယ်လိုရီတွေအများအပြားပါဝင်ပါတယ်။ ပိုလန်နိုင်ငံသားတွေက အပြင်မှာစားတာထက် ကိုယ့်အိမ်မှာပဲ ချက်စားကြပါတယ်။

၃။ ဘရာဇီး- ထမင်းနဲ့ ပဲ စားကြတယ်

ဘရာဇီးလူမျိုးတွေက ပဲအစားများကြပါတယ်။ သူတို့ရဲ့ ပုံမှန်အစားအသောက်က ထမင်းနဲ့ပဲ ပါတတ်ပါတယ်။ ပဲအမျိုးမျိုးက အဝလွန်တာကို တားဆီးပေးနိုင်ပါတယ်။

၄။ နယ်သာလန်- စက်ဘီး

နယ်သာလန်မှာ နေထိုင်သူတွေက စက်ဘီးအစီးများကြပါတယ်။ စက်ဘီးစီးတာက ကယ်လိုရီအများအပြားလောင်ကျွမ်းစေပါတယ်။

၅။ ဂျာမနီ- မနက်စာ

ဂျာမနီလူမျိုးတွေက မနက်စာနေ့တိုင်းစားကြပါတယ်။ မနက်စာအနေနဲ့ Whole Grain ပေါင်မုန့်ကြမ်းနဲ့ အုတ်ဂျုံတို့ကို စားကြပါတယ်။

၆။ United Kingdom- အနည်းငယ်စီစားတယ်

ဗြိတိန်နိုင်ငံရဲ့ စားသောက်ဆိုင်တွေက ပမာဏများတဲ့ အစားအသောက်မျိုး ရောင်းလေ့မရှိပါဘူး။ တစ်ခါစားတိုင်း ပမာဏနည်းနည်းစီပဲစားကြပါတယ်။

၇။ အိန္ဒိယ- ယောဂ

India လူမျိုးတွေက ယောဂကျင့်ကြပါတယ်။ ယောဂကျင့်တာက ဇီဝဖြစ်စဉ် မြန်ဆန်စေပြီး စိတ်ဖိစီးမှုလျော့ကျစေပါတယ်။

၈။ မလေးရှား- နနွင်းမှုန့်

မလေးအစားအစာအများစုမှာ နနွင်းမှုန့်ပါဝင်ပါတယ်။ နနွင်းမှုန့်က အဆီတွေကို ချေဖျတ်ပေးနိုင်ပါတယ်။

၉။ ဂျပန်- တစ်မှေးအိပ်ခြင်း

ဂျပန်လူမျိုးတွေက နေ့တိုင်း မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိ တစ်မှေးအိပ်တတ်ကြပါတယ်။ ပင်ပန်းတာ၊ အိပ်ရေးမဝတာတွေက ဆာလောင်မှုဆီ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် ခဏတစ်ဖြုတ်အိပ်ပေးပါ။

Source: Allwomen’s Talk

By MyStyle Myanmar