အသက်အရွယ် အိုမင်းလာတာနဲ့အမျှ အကြားအာရုံစွမ်းရည် လျှော့ကျလာတတ်ပါတယ်။ နားထဲကသေးငယ်တဲ့ ဆဲလ်တွေဟာ ပျက်စီးလာပြီး အသံတွေကိုသေချာမကြားရတာတွေ ဖြစ်တတ်ပါတယ်။ ကျယ်လောင်တဲ့ အသံတွေ နားထောင်ရတာကြောင့်လည်း နားကိုထိခိုက်စေပါတယ်။

ဒါကြောင့် ဒီနေ့ အကြားအာရုံကို မထိခိုက်ရလေအောင် ရှောင်ရန် အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

ကျယ်လောင်တဲ့ အသံတွေနားထောင်ချင်းမှ ရှောင်ကျဉ်ပါ

အကြားအာရုံ မဆုံးရှုံးရလေအောင် အကောင်းဆုံး ကာကွယ်နည်းကတော့ ကျယ်လောင်တဲ့ဆူညံသံတွေဆီကနေ ရှောင်ရှားခြင်းပါပဲ။ ကျယ်လောင်တဲ့အသံတွေက နားစည်ကို ထိခိုက်စေတာကြောင့် အကြားအာရုံကို ထခိုက်စေပါတယ်။ ဒါကြောင့် ဆူညံသံတွေဆီကနေ ဝေးနိုင်သမျှ ဝေးဝေး ရှောင်ပါ။

နားကြပ်

သီချင်းတွေကို နားကြပ်တပ်ပြီး နာထောင်တာက နားကျန်းမာရေးအတွက် အလွန်အန္တာရာယ်ရှိစေပါတယ်။ အပြင်ကအသံတွေကြောင့် သီချင်းသံကြားရအောင် အသံအကျယ်ကြီးချဲ့ပြီး နားမထောင်ပါနဲ့။ အပြင်က အသံတွေကို လျှော့ချပေးတဲ့ နားကြပ်တွေကို ဝယ်သုံးပါ။ သီချင်းသံတွေကို ကြားရရုံပဲ အသံတင်ထားပါ။ နားကြပ်ကို တစ်နာရီထက် ပိုပြီးအသုံးပြုခြင်းမှ ရှောင်ပါ။ တစ်နာရီခြား ၁၀ မိနစ်လောက် နားကို အနားပေးပါ။

ပွဲတွေသွားတဲ့အချိန်မှာ နားကိုကာကွယ်ပါ

ကျယ်လောင်တဲ့အသံတွေနဲ့ ပွဲတွေကိုသွားမယ်ဆိုရင် နားကို အကာအကွယ်တပ်ဆင်သွားဖို့ အရေးကြီးပါတယ်။ အသံထွက်တဲ့နေရာနားကို မသွားပါနဲ့။ အသံအရမ်းကျယ်နေရင် နားဆို့ဖြစ်ဖြစ် နားကိုတစ်ခုခုနဲ့ ဆို့ထားပေးပါ။ ဆူညံတဲ့ပွဲတွေဆီကနေ ပြန်ထွက်လာရင် နားကို သီချင်းနားထောင်တာတွေမလုပ်ပဲနဲ့ ၁၈ နာရီခန့် အနားပေးပါ။

ကိုယ်လက်လှုပ်ရှားမှု တွေရှိပါစေ

ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပြီး သင့်ရဲ့အကြားအာရုံကို မြှင့်တင်နိုင်ပါတယ်။ လေ့လာမှုတွေအရ နှလုံးသွေးကြောတွေ ကျန်းမာရေးကောင်းမွန်ရင် အကြားအာရုံလည်း ကောင်းမွန်တယ်လို့ ဆိုထားပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာ စတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို ၅ ရက်ခန့် အနည်းဆုံး ၂၀-၃၀ မိနစ်အထိ လုပ်ပေးမယ်ဆိုရင် အကြားအာရုံ ဆုံးရှုံးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

အစားအစာ

လူ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အစားအသောက်တွေကို ချန်ထားခဲ့လို့မရပါဘူး။ တိရိစ္ဆာန်အဆီတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။ အဆီများတဲ့ အစားအစာတွေဟာ နားကို သွေးပို့လွှတ်မှုလျှော့ကျစေပါတယ်။ ပြီးတော့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ထိခိုက်မှုရှိစေပါတယ်။

ဆယ်လ်မွန်ငါး၊ ထရောက်ငါး၊ အစေ့အဆံ၊ ဂျုံ နဲ့ လတ်ဆက်တဲ့ ဟင်းသီးဟင်းရွတ်တွေကို စားသုံးပေးပါ။

ဝါဂွမ်းနဲ့ လုပ်ထားတဲ့ နားဖာကလော်တံကို တတ်နိုင်သမျှ အသုံးပြုခြင်းမှ ရှောင်ပါ။ နားကိုသန့်ရှင်းရေးလုပ်မယ်ဆိုရင် ရေ ဒါမှမဟုတ် hydrogen peroxide အရည်ကို ကိုအသုံးပြုနိုင်ပါတယ်။

Source: Bright Side