ခြေသည်းရှည်လာတိုင်းမှာ ခြေသည်းက အပြင်ကိုမထွက်ပဲ အသားကိုလာစိုက်နေတာမျိုး ဖြစ်တဲ့သူတွေ ရှိမှာပါ။ ဒီလိုမျိုးက အထူးသဖြင့် ခြေမမှာဖြစ်တာများပါတယ်။ ညှပ်လိုက်လည်း ပြန်ရှည်လာတိုင်းမှာ အဲ့လိုပြန်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလို ခြေသည်းရှည်လာတိုင်း အသားကိုစိုက်နေတာမျိုးမဖြစ်အောင် ကူညီပေးနိုင်မယ့် ထိရောက်တဲ့နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဆားခါးနဲ့စိမ်ပေးပါ

ဇလုံထဲကို ရေနွေးထည့်ပြီး ဆားခါး စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ မိနစ် ၂၀ လောက် ခြေထောက်ထည့်စိမ်ထားပါ။ ဒီလိုလုပ်ပေးခြင်းက ခြေစွယ်ငုပ်လို့၊ ခြေသည်း အသားမှာစိုက်လို့ နာကျင်တာတွေကို သက်သာစေပါတယ်။ ခြေသည်းလည်းနူးညံ့ပြီး ညှပ်ရတာ ပိုလွယ်ကူစေပါတယ်။ ဒီနည်းလမ်းကို ၃ ရက် တစ်ခါ ပုံမှန်လုပ်ပေးပါ။

Apple cider vinegar

Apple cider vinegar ထဲကို ဂွမ်းထည့်စိမ်ပြီး အဲ့ဒီဂွမ်းနဲ့ ခြေသည်းတွေကို ပွတ်ပေးမယ်ဆိုရင်တော့ ရောဂါပိုမွှားတွေမဝင်အောင် ကာကွယ်ပေးပြီး အသားမှာခြေသည်းစိုက်နေလို့ အသားနာတာ၊ ဖူးရောင်နေတာတွေကို သက်သာစေပါတယ်။

သံပယိုရည်နဲ့ပျားရည်

ပျားရည်နဲ့သံပယိုရည်ကိုရောပြီး ဖြစ်တဲ့နေရာမှာ ပွတ်လိမ်းထားပါ။ ပြီးရင်တော့ ပတ်တီး (သို့) အဝတ်စအသန့်နဲ့ ပတ်ထားပြီး တစ်ညထားလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက ခြေသည်းရှည်လာတိုင်း အပြင်ကိုမထွက်ပဲ အသားကိုလာစိုက်နေတာမျိုး ဖြစ်တာကို သက်သာစေပါတယ်။ ဒီနည်းလမ်းကိုသာ ခဏခဏလုပ်ပေးပါ။

ဂွမ်းဖတ်လေးခံပေးပါ

ခြေသည်းကရှည်လာပြီး အသားကိုစိုက်နေရင် အဲ့အတိုင်းမထားပဲ ဂွမ်းဖတ်လေး ကြားထဲထိုးထည့်ပြီး ခံထားပေးရင် အသားကိုလည်း တိုက်ရိုက်မစိုက်တော့တဲ့အတွက် ခြေသည်းအသားမဝင်တော့သလို၊ နာကျင်တာမျိုးလည်း မဖြစ်စေတော့ပါဘူး။ ခြေသည်းလည်း အပြင်ဘက်ကိုထွက်ပြီး ရှည်လာစေပါတယ်။ ခြေသည်းစိုက်နေတာကို ခဏခဏညှပ်မထုတ်ချင်ရင် ဒီလိုလေးလုပ်ထားပေးပါ။

source:www.brightside.me