မျက်လုံးအေားနားမှာ အရေးအကြောင်းတွေက အရမ်းဖြစ်လွယ်ပါတယ်။ မျက်လုံး ခဏခဏပွတ်တာ၊ makeup remover နဲ့ ဂွမ်းနဲ့ အတင်းပွတ်ဖျက်တာတွေကြောင့်လည်း အရေးအကြောင်းတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ မျက်လုံးအောက်နားက အရေးအကြောင်းတွေ သက်သာစေဖို့အတွက် ထိရောက်တဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကြက်ဥအကာ

အရင်ဆုံး ကြက်ဥကိုဖောက်ပြီး အနှစ်နဲ့အကာ ခွဲလိုက်ပါ။ ပြီးရင်တော့ ကြက်ဥအကာကိုအရည်ကို ဂွမ်းလုံးလေးနဲ့ တို့ယူပြီး မျက်လုံးအောက်နားမှာ လိမ်းပေးပါ။ ခြောက်သွားပြီဆိုမှ မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းကတော့ အသားအရေတင်းရင်းစေပြီး အရေးအကြောင်းတွေ သက်သာစေပါတယ်။

နာနတ်သီး

နာနတ်သီးကို သေးသေးလေးတွေစိတ်၊ ချေပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ နာနတ်သီးအရည်ကိုမှ မျက်လုံးအောက်နားတစ်ဝိုက်မှာ လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချန်ပြည့်ရင် ရေနဲ့ပြန်သန့်စင်လိုက်ပါ။

ဒီနည်းလမ်းကတော့ မျက်လုံးအောက်နားက အရေးအကြောင်းတွေ သက်သာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။

ထောပတ်သီး

ထောပတ်သီးအမှည့် အတွင်းအသားကို ကြိတ်ချေပြီး မျက်လုံးအောက်နားတစ်ဝိုက်မှာ လက်ချောင်းလေးတွေနဲ့ လိမ်းပေးပါ။ တစ်နာရီခွဲကြာအောင်ထားပြီးမှ မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းကတော့ မျက်လုံးအောက်နားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာစေပြီး မျက်ကွင်းညိုတာလည်း သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်ရဲ့ အတွင်သားဂျယ်လ်ကို ခြစ်ယူပြီး ချေပေးပါ။ ပြီးရင် မျက်လုံးအောက်နားတစ်ဝိုက်မှာ လိမ်းပေးပါ။ ခြောက်သွားမှ ရေနဲ့သန့်စင်လိုက်ပါ။

ဒီနည်းလမ်းကတော့ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာစေပြီး အသားအရေတင်းရင်းစေတယ်၊ မျက်လုံးနားတစ်ဝိုက် အသားခြောက်တာကို သက်သာစေပြီး hydration ပေးနိုင်ပါတယ်။