ကျန်းမာ အားပြည့် စိုပြေနေတဲ့အသားအရေကို ပိုင်ဆိုင်ခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကောင်းပြီး ငယ်ရွယ်နုပျိုမှုနဲ့ လန်းဆန်းတက်ကြွမှုရှိနေတာကို ဖော်ပြတဲ့ လက္ခဏာရပ်တွေပဲဖြစ်ပါတယ်နော်။ အခုလို ကျန်းမာပြီး ကြည်လင်တောက်ပတဲ့အသားအရေလေး ရရှိပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အဖြစ်ချင်ဆုံးအိပ်မက်ထဲက တစ်ခုအပါအဝင်ပါပဲ။ သင့်အသားအရေအမျိုးအစားနဲ့ မဆိုင်ဘဲ သေချာဂရုစိုက်ထိန်းသိမ်းမှုမရှိရင်လည်း အသားအရေက မွဲခြောက်ခြောက်ကြီးနဲ့ ကြည့်ရဆိုးစေပါတယ်နော်။

နောက်ပြီး MyStyle Myanmarရဲ့ အလှပဂေးနတ်သမီးလေးတွေထဲမှာရော မျက်နှာအသားအရေကို အမြဲတမ်း ဂရုစိုက်လေ့ရှိကြပေမယ့် ခန္ဓာကိုယ်အသားအရေကို  ဂရုတစိုက်ထိန်းသိမ်းဖို့ကြတော့ မေ့နေတတ်ကြတယ်မလား?
ဒါ့ကြောင့် ပျိုမေလေးတွေရဲ့အလှကို ချွင်းချက်မရှိ ပြီးပြည့်စုံစွာလှပနေစေဖို့ ခန္ဓာကိုယ်အသားအရေလေးကို ကျန်းမာအားပြည့်စေမယ့်နည်းလမ်းကောင်းကို အခုပဲ့ရှာဖွေလိုက်ရအောင်…

ရေနွေးပူပူနဲ့ ရေချိုးခြင်းကိုရှောင်ပါ

တဘက်နဲ့ ညင်သာစွာသုတ်ပေးပါ

ရေချိုးပြီးရင် သင့်မျက်နှာကိုရော ခန္ဓာကိုယ်အသားအရေကိုပါ တဘက်နဲ့ ခပ်ဖွဖွလေး ညင်သာစွာသုတ်ပေးပါ။ တဘက်ကို ခပ်ကြမ်းကြမ်းပွတ်တိုက်ပေးလိုက်ရင် အသားအရေ ကြမ်းတမ်း ပျက်စီးစေနိုင်ပါတယ်။

နေ့စဉ် Body Lotion လိမ်းပါ

မျက်နှာအတွက် အမြဲတမ်း ခရင်မ်တခုခုလိမ်းသလိုပဲ သင့်ခန္ဓာကိုယ်အသားအရေအတွက်လည်း Body Lotion လိမ်းပေးဖို့လိုအပ်ပါတယ်။ သင့်ရဲ့ အသားအရေနဲ့ ကိုက်ညီပြီး နေရောင်ခြည်ဒဏ်ကို  ကာကွယ်ပေးနိုင်တဲ့ Sunscreen ပါတဲ့ Body Lotion မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

တစ်နေ့ကို ရေ ၆ ခွက်မှ ၈ ခွက်အထိသောက်ပါ

သင့်အသားအရေ တဖြည်းဖြည်း ခြောက်သွေ့လာတယ်လို့ ခံစားနေရပါသလား။ ဒါဟာ ရေအလုံအလောက်မသောက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်နေ့ကို ရေအနည်းဆုံး ၆ ခွက်မှ ၈ ခွက်အထိ သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်အပြင်ပိုင်းသာမက အတွင်းပိုင်းကိုလည်း ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။