မင်္ဂလာပါ….. ပျိုမဒီတို့ရေ….Victoria’s Secret Models လို့ပြောလိုက်တာနဲ့ လူတိုင်းက အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့ အမိုက်စားမော်ဒယ်တွေကို မြင်ယောင်မိကြမှာပါ။ သူတို့ စင်ပေါ်မှာ တောက်ပနေတယ်ဆိုတာက မှော်ဆန်နေလို့တော့မဟုတ်ပါဘူး။

ဒီလို စင်မြင့်ထက်မှာ တောက်ပနေတဲ့  Victoria’s Secret Models တွေက အလှအပအတွက် သူတို့လုပ်လေ့ရှိတဲ့ လျို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

သွားတိုက်ဆေး

F

သွားတိုက်ဆေးကို အများစုက သွားတိုက်ဖို့အတွက် သုံးလေ့ရှိကြပေမယ့် Gigi Hadid ကတော့ ဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် သွားတိုက်ဆေးကို အသုံးပြုလေ့ရှိပါတယ်။

Boxing

Adriana Lima က လက်ဝှေ့ထိုးတာ 10 နှစ်ကျော်ပါပြီ။ လက်ဝှေ့ထိုးတာက ၁ နာရီမှာ ကယ်လိုရီ ၈၀၀ လောက် လောင်ကျွမ်းစေပြီး သူ့အတွက်ယုံကြည်မှုပိုရှိစေတာကြောင့် သူမရဲ့စိတ်နဲ့  ခန္ဓာကိုယ်အတွက် ကုထုံးအနေနဲ့ လက်ဝှေ့ထိုးလေ့ရှိပါတယ်။

မျက်တောင်ကော့ဆေး

Taylor Hill က မျက်တောင်ကော့ဆေးကို မသုံးခင်မှာ အမြဲတမ်း Dryer နဲ့ အပူပေးလေ့ရှိပါတယ်။ ဒီလှည့်ကွက်ကို မိတ်ကပ်ပညာရှင်ဆီက သင်ယူခဲ့တာပါ။ ဒီလိုသုံးတာက မျက်တောင်တွေကို အချိန်အကြာကြီး ကော့နေစေဖို့  ကူညီပေးပါတယ်။

ရေသန့်

ရေကန်ထဲက ရေထဲမှာ ဓာတုပစ္စည်းတွေနဲ့ ဘက်တီးရီးယားတွေ ပြည့်နေတယ် လို့ ပြောလေ့ရှိတဲ့ Adriana Lima က မျက်နှာသစ်ဖို့အတွက်ရေကို ရေပိုက်ခေါင်းကရေအစား ရေသန့်ကိုသာ သုံးလေ့ရှိပါတယ်။

အစားအစာ

Barbara Palvin က အစားအသောက် ဝါသနာပါသူဖြစ်တာကြောင့် သူများတွေအကြံပေးသလို အစားနည်းနည်းစားရတာကို မကြိုက်ပါဘူး။ အထူးသဖြင့် မနက်ပိုင်းတွေပါ။ သရေစာကို ၂ နာရီခြားတခါ စားလို့ရပေမယ့် အစားအစာက ကျန်းမာရေးနဲ့ ညီညွတ်ဖို့တော့ သေချာပါစေ။