မင်္ဂလာပါ….. ပျိုမဒီတို့ရေ….Victoria’s Secret Models လို့ပြောလိုက်တာနဲ့ လူတိုင်းက အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့ အမိုက်စားမော်ဒယ်တွေကို မြင်ယောင်မိကြမှာပါ။ သူတို့ စင်ပေါ်မှာ တောက်ပနေတယ်ဆိုတာက မှော်ဆန်နေလို့တော့မဟုတ်ပါဘူး။
ဒီလို စင်မြင့်ထက်မှာ တောက်ပနေတဲ့ Victoria’s Secret Models တွေက အလှအပအတွက် သူတို့လုပ်လေ့ရှိတဲ့ လျို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။
သွားတိုက်ဆေး
သွားတိုက်ဆေးကို အများစုက သွားတိုက်ဖို့အတွက် သုံးလေ့ရှိကြပေမယ့် Gigi Hadid ကတော့ ဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် သွားတိုက်ဆေးကို အသုံးပြုလေ့ရှိပါတယ်။
Boxing
Adriana Lima က လက်ဝှေ့ထိုးတာ 10 နှစ်ကျော်ပါပြီ။ လက်ဝှေ့ထိုးတာက ၁ နာရီမှာ ကယ်လိုရီ ၈၀၀ လောက် လောင်ကျွမ်းစေပြီး သူ့အတွက်ယုံကြည်မှုပိုရှိစေတာကြောင့် သူမရဲ့စိတ်နဲ့ ခန္ဓာကိုယ်အတွက် ကုထုံးအနေနဲ့ လက်ဝှေ့ထိုးလေ့ရှိပါတယ်။
မျက်တောင်ကော့ဆေး
Taylor Hill က မျက်တောင်ကော့ဆေးကို မသုံးခင်မှာ အမြဲတမ်း Dryer နဲ့ အပူပေးလေ့ရှိပါတယ်။ ဒီလှည့်ကွက်ကို မိတ်ကပ်ပညာရှင်ဆီက သင်ယူခဲ့တာပါ။ ဒီလိုသုံးတာက မျက်တောင်တွေကို အချိန်အကြာကြီး ကော့နေစေဖို့ ကူညီပေးပါတယ်။
ရေသန့်
ရေကန်ထဲက ရေထဲမှာ ဓာတုပစ္စည်းတွေနဲ့ ဘက်တီးရီးယားတွေ ပြည့်နေတယ် လို့ ပြောလေ့ရှိတဲ့ Adriana Lima က မျက်နှာသစ်ဖို့အတွက်ရေကို ရေပိုက်ခေါင်းကရေအစား ရေသန့်ကိုသာ သုံးလေ့ရှိပါတယ်။
အစားအစာ
Barbara Palvin က အစားအသောက် ဝါသနာပါသူဖြစ်တာကြောင့် သူများတွေအကြံပေးသလို အစားနည်းနည်းစားရတာကို မကြိုက်ပါဘူး။ အထူးသဖြင့် မနက်ပိုင်းတွေပါ။ သရေစာကို ၂ နာရီခြားတခါ စားလို့ရပေမယ့် အစားအစာက ကျန်းမာရေးနဲ့ ညီညွတ်ဖို့တော့ သေချာပါစေ။