ပျင်းရိငြီးငွေ့စရာ နေ့ရက်တွေမှာ ကိုယ်လည်း အပျင်းပြေ ရေရှည်/ရေတိုပါ အကျိုးများစေမယ့် အလုပ်ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ခိုင်းထားတာက အကောင်းဆုံးအကြံဉာဏ်ဖြစ်ပါလိမ့်မယ်။

ဒီတော့ အိမ်မှာနေရင်း ပျင်းနေသူတို့အတွက် ထိရောက်ပြီး အကျိုးများမယ့်နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) လုပ်ချင်တာလေးတွေ ချရေး ၊ ချက်ချင်းထ လုပ်

အရင်ဆုံး အကြံပေးချင်တာက ကိုယ့်ဘဝမှာ တစ်နေ့တော့ လုပ်ဖြစ်အောင် လုပ်လိုက်ဦးမယ်လို့ တေးထားတဲ့ Goals လေးတွေကို ပြန်စဉ်းစားပြီး စာရွက်ပေါ် ချရေးလိုက်ပါ။ အခု အိမ်ထဲမှာ တင် လုပ်နိုင်မယ့် အလုပ် Lists ကလေးတွေ ပြန်ဆွဲထုတ်လိုက်ပြီး ချက်ချင်း ထ လုပ်လိုက်ပါ။

(၂) ဆံပင်ပုံစံသစ်ထား

အိမ်ထဲကနေ အပြင် မထွက်ဖြစ်တာ သေချာရင် ကိုယ့်ဘာသာ ဆံပင်ညှပ်ကြည့်လိုက်ပါ။ မညှပ်ခင် Instagram တို့ YouTube တို့လို ပလက်ဖောင်းတွေပေါ်ကနေ ကိုယ့်ဘာသာ ဆံပင်ညှပ်တဲ့နည်းစနစ်နဲ့ Tutorials လေးတွေ ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

တကယ်လို့ အပြင်ထွက်လို့ ရတယ်ဆိုရင်လည်း အပြင်ဆံပင်ညှပ်ဆိုင်ကောင်းကောင်းမှာ ဆံပင်ပုံစံသစ် ညှပ်ဖို့လည်း အကြံပေးလိုက်ပါတယ်။

(၃) Audio-Books တွေ နားထောင်ပါ

စာအုပ်ဖတ်တာကတော့ အကောင်းဆုံး ပျင်းရိခြင်းကုထုံးဖြစ်ပါတယ်။ စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာက သိပ်ကို ချိုမြိန်ဆန်းပြားပါတယ်။ စာအုပ်တွေက ကိုယ့်ရဲ့ အပြအမူနဲ့ ဘဝပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲစေနိုင်ပါတယ်။ စာအုပ်ကို လက်ထဲကိုင်မဖတ်နိုင်ရင်လည်း အသံစာအုပ်တွေ Audio-Books နားထောင်နိုင်ပါတယ်။

(၄) Skills သစ်တစ်မျိုး လေ့လာပါ

ပညာရပ်တစ်ခုခု သင်တယ်ဆိုတာ ရေရှည်အကျိုးများမယ့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Skills သစ်ဆိုရာမှာ ဘာသာစကားတစ်ခုခုလည်း ဖြစ်နိုင်တယ် ၊ ဂီတတူရိယာအတီးသင်တာလည်း ဖြစ်နိုင်တယ် ၊ ဘာသာရပ်တစ်ခုခု လိုက်စားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် တတ်ထားရင် အကျိုးများမယ့်ကိစ္စဖြစ်သလို လေ့လာရင်းနဲ့လည်း အပျင်းပြေသွားစေနိုင်ပါတယ်။