Skincare Product တွေကို ကြည့်လိုက်ရင် ဘယ် ပစ္စည်းပါတယ်၊ ဘယ်ဓာတ်ပါတယ်၊ ဘယ် Ingredient တွေပါတယ် စသဖြင့် ဘူးအပြင်ဘက်မှာ ရေးထားလေ့ရှိပါတယ်။ ပျိုမေတို့ရဲ့ အသားအရေ အမျိုးအစားက အမျိုးမျိုးရှိတာကြောင့် သူများက ကောင်းတယ်ပြောတိုင်း သုံးတာမျိုး မဟုတ်ဘဲ ကိုယ့် ရည်ရွယ်ချက်၊ ကိုယ့်အသားအရေနဲ့ အဆင်ပြေတာမျိုးကို သုံးသင့်ပါတယ်။ ဒီလို သုံးတတ်ဖို့ကလည်း Skincare တွေထဲမှာ ပါဝင်တဲ့ Ingredient တွေရဲ့ အာနိသင်ကို သိထားသင့်ပါတယ်။ ဒီလို သိဖို့က Ingredient တွေရဲ့ နာမည်ကိုပါ တွဲသိဖို့ လိုပါတယ်။ အခုဖော်ပြမယ့် ပါဝင်ပစ္စည်းတွေကတော့ Skincare လုပ်တဲ့အခါ အရေးပါတဲ့ Ingredient တွေနဲ့ သူတို့ရဲ့ အာနိသင်တွေ ဖြစ်ပါတယ်။

Niacinamide

Niacinamide ကိုတော့ ပျိုမေတို့ ရင်းနှီးကြမှာပါ။ Niacinamide ရဲ့ အဓိက တာဝန်ကတော့ ချွေးပေါက်ကျဉ်းစေတာပါ။ ချွေးပေါက်ကျယ်တဲ့ ပျိုမေတို့အနေနဲ့ Niacinamide ပါဝင်တဲ့ Skincare တွေကို သုံးသင့်ပါတယ်။

Vitamin C

Vitamin C ကလည်း အသားအရေအတွက် လိုအပ်တဲ့ အာနိသင် တစ်မျိုးပါ။ အသားဖြူချင်တဲ့သူတွေဆိုရင် ဗီတာမင် စီ ပါတဲ့ အလှကုန်တွေကို သုံးပေးသင့်ပါတယ်။ Vitamin C က အသားအရေကို တောက်ပစေပါတယ်။

Salicylic Acid

Salicylic Acid ကတော့ ဆားဝက်ခြံတွေ၊ Blackheads တွေကို ဖယ်ရှားပေးဖို့ တာဝန်ယူပါတယ်။ သင်က ဆားဝက်ခြံကြောင့် စိတ်ညစ်နေသူဆိုရင်တော့ Salicylic Acid ပါတဲ့ Skincare Product ကို သုံးသင့်ပါတယ်။

Retinol

အသက်အရွယ် ရလာသူတွေမှာ လိုအပ်တဲ့ Retinol ဓာတ်ကို ပျိုမေ အများစု ကြားဖူးမှာပါ။ Retinol ပမာဏ ကိုတော့ အများကြီး သုံးစရာမလိုပါဘူး။ Retinol က အသားအရေ ဝက်ခြံ ဖြစ်ခြင်းကိုပါ သက်သာစေပါတယ်။

Hyaluronic Acid

Hyaluronic Acid ကို Moisturizer အများစုမှာ တွေ့ဖူးကြမှာပါ။ Hyaluronic Acid က အသားအရေကို အစိုဓာတ် ပေးနိုင်တဲ့အပြင် ရေဓာတ် ပြည့်ဝစေပါတယ်။

Arbutin

Arbutin ဆိုတဲ့ Ingredient ကတော့ အသားအရေ မညီမညာ ဖြစ်တာကို သက်သာစေပါတယ်။ အသားအရေ အရောင် မညီတဲ့ ပျိုမေတွေ Arbutin ပါဝင်တဲ့ Skincare ကို သုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar