Mask တပ်ပြီး နေပူထဲသွားတဲ့အခါမှာ အကာအကွယ်မပါရင်၊ sunscreen သေချာမလိမ်းရင် နဖူးပဲကွက်ပြီး နေလောင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို နဖူးပဲကွက်ပြီး နေလောင်ထားတဲ့သူတွေအတွက် အိမ်မှာ သဘာဝနည်းလမ်းတွေနဲ့ သေချာပြန်လုပ်လို့ရအောင် ထိရောက်တဲ့ Remedies တွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

သင်္ဘောသီးနဲ့ပျားရည်

သင်္ဘောသီးကို ကျေညှက်အောင်ချေပြီး ပျားရည်နဲ့ရောမွှေကာ နေလောင်ထားတဲ့ နေရာကို လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်ပါ။

အာလူးအရည်

အာလူးကိုသေးသေးလေးတွေ လှီးပြီးကြိတ်ပါ။ ပြီးရင် အရည်ရအောင်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ နေလောင်ထားတဲ့နေရာကိုလိမ်းပါ။ ၅ မိနစ်ထားပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။

သခွားသီးအရည်

သခွားသီးနဲ့လုပ်မယ်ဆိုရင်လည်း ခုနကလိုပဲ သခွားသီးကိုလှီးပြီးကြိတ်ပါ။ ပြီးရင် အရည်ရအောင်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ ဂွမ်းလုံးလေးတွေနဲ့ယူပြီး နေလောင်ထားတဲ့နေရာကို လိမ်းပေးပါ။ ခြောက်သွားရင် ရေနဲ့ပြန်သန့်စင်လိုက်လို့ရပါပြီ။

ဒိန်ချဉ်နဲ့လိမ္မော်သီး

လိမ္မော်သီးကို အရည်ရအောင်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ ဒိန်ချဉ်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး နေလောင်ထားတဲ့နေရာကိုလိမ်းကာ မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ ရေနဲ့ပြန်သန့်စင်ပါ။

Green Tea

Green tea ကို အအေးခံပြီး နေလောင်ထားတဲ့နေရာကို ပွတ်လိမ်းပါ။ ပြီးရင် ၁၀ မိနစ်ထားပြီး မျက်နှာသစ်လိုက်ရုံပါပဲ။