Hello Mystyle Myanmarရဲ့ စာဖတ်ချစ်သူတို့သိတဲ့အတိုင်း ဝက်ခြံက အသက်အရွယ်အပိုင်းအခြားမရွေး လူတိုင်းလိုလိုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန်ပြဿနာတစ်ခုလိုတောင် ပြောလို့ရပါတယ်။ အများအားဖြင့်တော့ အပျိုဖော်ဝင်စအချိန် လူငယ်တွေနဲ့ ဓမ္မတာလာတဲ့အချိန်တွေမှာ ပိုအဖြစ်များတတ်ပါတယ်။ ဝက်ခြံ မကြာခဏထွက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုကလည်း ကိုယ်ခန္ဓာအတွင်း ဟော်မုန်းမညီမျှခြင်းကြောင့်ပဲ့ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုက်ဆံလည်းချွေတာနိုင်ပြီး ဘေးထွက်ဆိုးကျိုးလည်းမဖြစ်ပေါ်စေဘဲ အမာရွတ်တွေကို အရှင်းပျောက်ကင်းချင်သူများ ရိုးရှင်းလွယ်ကူထိရောက်လှတဲ့ အိမ်တွင်းကုသမှုနည်းလမ်းများကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကဲ..ဘေးဥပါဒ်ကင်းကင်းနဲ့ ကုန်ကျစရိတ်လည်းသက်သာစေမယ့်အပြင် ဝက်ခြံနဲ့ ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်တွေကို အရှင်းပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းကောင်းတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

ဗီတာမင်အီးအဆီ

ဝက်ခြံအမာရွတ်ကို ပျောက်ကင်းစေမယ့် လွယ်ကူထိရောက်သော နည်းလမ်းတွေထဲမှာ ဗီတာမင်အီးအဆီလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗီတာမင်အီအဆီကို လိမ်းပေးရုံနဲ့ အသားအရေကို စိုပြေမှုရှိစေရုံသာမက ပျက်စီးနေသော အသားအရေကိုပါ ပြန်လည်ကောင်းမွန်လာစေမှာပဲ့ ဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီမှာ ဗီတာမင်အီးနဲ့ Fatty Acidsဓါတ်တို့ ကြွယ်ဝစွာ ပါဝင်တဲ့အရင်းအမြစ်တစ်ခုဖြစ်တဲ့အတွက် အသားအရေဆိုင်ရာပြဿနာတွေကို ပြန်လည်ပြုပြင်ပေးပြီး အနာအဆာ၊ အမာရွတ်တွေမှလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။ ရေဓာတ်အပြည့်အဝပါဝင်တဲ့အတွက် အသားအရေကို သင့်တင့်လျောက်ပတ်စွာ ရေဓာတ်ဖြည့်ပေးပါတယ်နော်။ ရေမချိုးခင် အုန်းဆီကို မျက်နှာမှာလိမ်းပြီး နာရီဝက်လောက်ထားပြီး မျက်နှာကို သေချာသစ်ပေးပါ။

အာလူး

ဝက်ခြံအမာရွတ်တွေကို ကုသရာတွင် ထိရောက်မှုအရှိဆုံးဖြစ်တဲ့ မီးဖိုချောင်ပစ္စည်းတစ်ခုကတော့ အာလူးပဲ့ဖြစ်ပါတယ်။ ကစီဓာတ်မြင့်မားစွာပါဝင်တဲ့ အာလူးက ဝက်ခြံ၊ အမာရွတ်တွေနဲ့ အပြစ်အနာအဆာတွေကို လုံးဝပျောက်ကင်းသွားစေမှာပဲ့ ဖြစ်ပါတယ်။ အာလူးကို ပါးပါးလှီးပြီး ဝက်ခြံတို့ အမာရွတ်တို့ရှိတဲ့နေရာမှာ မိနစ်၃၀လောက်ကပ်ပေးပြီး ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ ပြီးရင်တော့ အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးပါ။

နနွင်း

ဝက်ခြံတို့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့ အိမ်သုံးနည်းလမ်းများထဲမှာမှ နနွင်းက အထိရောက်ဆုံးသော နည်းလမ်းတစ်ခုလို့ဆိုရင်လည်း မမှားပါဘူးနော်။ နနွင်းမှာပါဝင်တဲ့ ဓာတ်သတ္တုတွေက မျက်နှာပေါ်ရှိ ဝက်ခြံနှင့်အမာရွတ်တွေကို ဖယ်ရှားပေးရာတွင် အင်မတန်ကိုမှ ထိရောက်မှုရှိပါတယ်နော်။ နနွင်းနဲ့ ပျားရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းစီထည့်ရောပြီး လိမ်းပေးပြီး မိနစ် ၂၀ခန့်ထားပြီး မျက်နှာစင်အောင် သစ်ပေးပါ။ တစ်ပါတ်ကို ၂ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။