မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေရှိနေရင် ပုံမှန်ထက်ပိုပြီးတော့ အိုမင်းရင့်ရော်စေပါတယ်။ အရေးအကြောင်းဖြစ်လွယ်တာလည်း မျက်လုံးနားတစ်ဝိုက် Area ပါပဲ။ ဒါကြောင့် Eye Cream က သေချာပေါက်ကို လိမ်းပေးဖို့လိုတာပါ။ ဒါမှ အရေးအကြောင်းမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်မှာပါ။ မျက်လုံးနားတစ်ဝိုက်မှာ အရေးအကြောင်းတွေ ပေါ်လာပြီဆိုရင်လည်း လျော့ကျသွားအောင် လုပ်ပေးနိုင်မယ့် ဒီ Nautral Remedies တွေကို လုပ်လို့ရပါတယ်။

ကြက်ဆူဆီ

မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေအတွက် ကြက်ဆူဆီကို ဘယ်လိုသုံးရမလဲဆိုရင်တော့ ကြက်ဆူဆီကို နည်းနည်းလေးယူပြီး မျက်လုံးနားတစ်ဝိုက်မှာ ဖြေးဖြေးချင်းစီ လိမ်းပေးရုံပါပဲ။ မျက်လုံးထဲမဝင်အောင် ဂရုစိုက်ပေးပါ။ အရမ်းအများကြီးလည်း လိမ်းစရာမလိုပါဘူး။

နာနတ်သီး

နာနတ်သီးကိုကြိတ်ပြီး ရလာတဲ့နာနတ်သီးအရည်ကိုမှ မျက်လုံးနားတစ်ဝိုက်မှာ လိမ်းပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ဒီနည်းလမ်းက မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ သက်သာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

ကြက်ဥအကာ

ကြက်ဥကိုဖောက်ပြီး အနှစ်ကိုဖယ်၊ အကာကို ခလောက်ပေးပါ။ ပြီးရင် မျက်လုံးနားတစ်ဝိုက်ကို လိမ်းပေးပါ။ လိမ်းထားတာ ခြောက်သွားပြီဆိုရင် ရေနဲ့ပြန်သန့်စင်လိုက်လို့ ရပါပြီ။ မျက်လုံးနားတစ်ဝိုက်က အရေးအကြောင်းတွေ လျော့ပါးသွားစေပြီး အသားအရေ တင်းရင်းစေပါတယ်။

ထောပတ်သီး

ထောပတ်သီးအမှည့်ကို ကြိတ်ချေပြီး မျက်လုံးနားတစ်ဝိုက်ကို လိမ်းထားပေးပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ရေနဲ့ပြန်သန့်စင်လိုက်ရုံပါပဲ။

အုန်းဆီ

အပေါ်ကနည်းလမ်းတွေ တစ်ခုမှမလုပ်ချင်ရင် အလွယ်ကူဆုံးနည်းလမ်းကတော့ အုန်းဆီလိမ်းတာပါပဲ။ အုန်းဆီကို မျက်လုံးနားတစ်ဝိုက်မှာ တစ်နေ့ ၂ ကြိမ် လိမ်းပေးရင်လည်း အရေးအကြောင်းတွေ သက်သာစေပါတယ်။