လက်ဆစ်မဲတဲ့သူတွေအတွက် လက်ဆစ်မဲတာ သက်သာစေမယ့် ထိရောက်တဲ့ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလမ်းတွေဖြစ်လို့ လုပ်ရတာ အဆင်ပြေမှာပါ။

သံပယိုရည်

သံပယိုရည် – ၃ စွန်းနဲ့ ရေ – ၁ ခွက်ကို ရောထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် အဲ့ထဲကို ၁၀ မိနစ်လောက် လက်ထည့်စိမ်ထားပါ။ အချိန်ပြည့်ရင် လက်ကို ရေကြက်သီးနွေးနဲ့ ပြန်ဆေးလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်လုပ်ပေးရင် လက်ဆစ်မဲတာ သက်သာစေပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ နည်းနည်းကို ရေနွေးနဲ့ရောမွှေပြီး နွေးသွားရင် လက်ထည့်စိမ်ပေးရမှာပါ။ ၁၅ မိနစ်လောက်စိမ်ပေးပြီး အချိန်ပြည့်ရင် ရေအေးနဲ့ လက်ပြန်ဆေးပါ။ တစ်ပတ် ၂ ကြိမ် ပုံမှန်လုပ်ပေးရင် လက်ဆစ်မဲတာ သက်သာပျောက်ကင်းစေပါတယ်။

ကြက်ဥ

ကြက်ဥကိုဖောက်ပြီး အနှစ်ကို ဖယ်ထုတ်လိုက်ပါ။ ကျန်ခဲ့တဲ့ ကြက်ဥအကာကိုပဲ မဲနေတဲ့ လက်ဆစ်နေရာတွေကို ပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေကြက်သီးနွေးနဲ့ ပြန်ဆေးပေးပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၄ ကြိမ်၊ ၅ ကြိမ်လောက် လုပ်ပေးရင် Result ပိုသိသာပါတယ်။

ဒိန်ခဲ

လတ်ဆတ်တဲ့ဒိန်ခဲကိုယူပြီး လက်ဆစ်မဲတဲ့နေရာတွေကို သေချာလိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀ ထားပြီးမှ ရေအေးနဲ့ ပြန်ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်လည်း တစ်ပတ်ကို ၄ ကြိမ်၊ ၅ ကြိမ်လောက် လုပ်ပေးရင် ပိုကောင်းပါတယ်။

Vitamin E Oil

Vitamin E Oil ကို မဲတဲ့လက်ဆစ်နေရာတွေမှာ သေချာပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်တော့ အနည်းဆုံး လုပ်ပေးရပါမယ်။ နေ့တိုင်းလုပ်ပေးလည်း ရပါတယ်။