မင်္ဂလာပါ… ပျိုမဒီတို့ရေ….မိုက်စား Eyeshadow ချယ်ထားတဲ့ Makeup Look တွေကြည့်ပြီး သဘောကျနေလား ? လက်တွေ့မှာတော့ ဒီလို Eyeshadow တွေကို ဖန်တီးဖို့ မလွယ်ပါဘူး။ ဒါကြောင့် Eyeshadow ချယ်တဲ့အခါ ပြီးပြည့်စုံပြီး သိသိသာသာတောက်ပတဲ့ အသွင်ကိုရရှိစေဖို့ လျှို့ဝှက်ချက်လေးပြောပြချင်ပါတယ်။

Eye Primer

အများစုဟာ Eye Makeup ရဲ့ နောက်ဆုံးရလဒ်ကို အာရုံစိုက်ကြပေမယ့် Eye Primer ကို အမြဲသုံးဖို့ မေ့နေတတ်ကြတယ်။ Eye Primer က မျက်ခွံပေါ် Eyeshadow ချယ်တဲ့အခါ အရောင်တွေကို ညီညာစေပါတယ်။ ဒါ့အပြင် အရောင်တွေကို ပိုပေါ်လွင်စေပြီး ကြာရှည်ခံစေပါတယ်။

Eyeshadow Base

Eyeshadow Base က eyeshadow များကို တောက်ပစေပြီး အရောင်ထွက်အားကောင်းစေပါတယ်။

White Eye Pencil

တကယ်လို့ သင့်က Eye Primer မဝယ်ရသေးတဲ့အချိန်မျိုးဆို White Eye Pencil ကို Eye Primer အစား သုံးလို့ရပါသေးတယ်။ မျက်ခွံတစ်ခုလုံးကို အဖြူရောင် Eye Pencil နဲ့ချယ်ပြီး အပေါ်ကနေ Eyeshadow Brush ဒါမှမဟုတ် လက်ချောင်းတွေကိုသုံးပြီး Eyeshadow ကို ဖြန့်ပေးပါ။

Layering

Eyeshadow ကို နှစ်ကြိမ်လောက်ချယ်ပေးတာက မျက်လုံးကို တောက်ပလာစေရန်အတွက် အထောက်အကူဖြစ်စေပြီး သိသာတောက်ပတဲ့အသွင်ကို ရရှိစေပါတယ်။

Water

Eyeshadow တွေကို သိသိသာသာ တောက်ပပြီး ပေါ်ထွက်စေမယ့် နောက်ထပ်နည်းလမ်းကတော့ Setting Spray ဒါမှမဟုတ် ရိုးရိုးရေနဲ့ Makeup Brush ကို စွတ်ဖို့ပါပဲ။ Eyeshadow Brush ကို ရေစွတ်ပြီးရင်တော့ သန့်ရှင်းတဲ့ တစ်ရှူး စက္ကူပေါ်မှာ ပြန်သုတ်ပေးပါ။