မင်္ဂလာပါ ပျိုမေလေးတို့ရေ… မျက်နှာပေါ်က အမဲစက်တွေ ဝက်ခြံတင်းတိပ်နဲ့ ဝက်ခြံတွေကြောင့်ဖြစ်ရတဲ့ အမာရွတ်တွေကြောင့် စိတ်ညစ်နေရပါသလား။

မိမိရဲ့မျက်နှာအလှကို ဖျက်ဆီးနေတဲ့ ထိုတရားခံတွေကို ဝေးဝေးမောင်းထုတ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မျက်နှာပေါင်းတင်နည်းတွေနဲ့ မှန်မှန်ပေါင်းတင်ကြည့်လိုက်ပါ။

ပျိုမေတို့ရဲ့အသားအရေက ညီညာချောမွတ်ပြီး ကိုရီးယားမင်းသမီးလေးလို ချောမောလှပနေမှာ အမှန်ပါပဲ။

မယုံဘူးဆိုရင်တော့ လက်တွေ့စမ်းသပ်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်တယ်နော်။

သံပုယိုသီး မျက်နှာပေါင်းတင်နည်း

သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီးနောက် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို မျက်နှာပေါ်မှာ လိမ်းကျံပြီးနောက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် စောင့်ပါ။ အချိန်ပြည့်သွားပါက ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ ထို့နောက် မျက်နှာသုတ်ပုဝါဖြင့် ခပ်ဖွဖွလေးပုတ်ကာ မျက်နှာသုတ်ပေးလိုက်ပါ။

ဒီနည်းလမ်းကို မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ မျက်နှာပေါ်က အမဲစက်တွေက တမဟုတ်ချင်းပျောက်ကင်းသွားပါလိမ့်မယ်။

နွားနို့ဖြင့် မျက်နှာပေါင်းတင်နည်း

နွားနို့ စားပွဲတင်ဇွန်း တစ်ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို အမဲစက်ဖြစ်နေသောနေရာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မျက်နှာတစ်ပြင်လုံး လိမ်းကျံပေးမယ်ဆိုရင်လည်း ရပါတယ်။ ထို့နောက် ၁၅ မိနစ်ကြာမှ မျက်နှာသစ်ပေးလိုကပါ။

ဒီနည်းလမ်းလေးကိုတော့ ရေမချိုးခင် (သို့) ညအိပ်ရာမဝင်ခင် နေ့တိုင်းမှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။

ရှားစောင်းလက်ပတ်ဖြင့် မျက်နှာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်တစ်ရွက်ကို ယူလိုက်ပါ။ ထို့နောက် မျက်နှာတစ်ပြင်လုံး လိမ်းကျံနိုင်မယ့် ရှားစောင်းလက်ပတ်ဂျယ်လ်ပမာဏကို နှင်းဆီရေ အနည်းငယ်ဖြင့် သမအောင်ရောနှောပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်လိမ်းကျံပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာတဲ့အခါမှာတော့ မျက်နှာသစ်ရင်း ၂ မိနစ်၊ ၃ မိနစ်ခန့် လိမ်းကျံပေးလိုက်ပါ။

တစ်ပတ်မှာ ၃ ကြိမ်၊ ၄ ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင်တော့ ဝက်ခြံနဲ့အမဲစက်များ သိသိသာသာလျော့နည်းသွားပါလိမ့်မယ်။

Source: Stylecraze.com

By MyStyle Myanmar