ဆံပင်ကျွတ်တာဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ရင်ဆိုင်ရတဲ့ ပြဿနာတစ်ခုပါ။ တချို့ ဗောက်ပျောက်ခေါင်းလျှော်ရည်သုံးလိုက်ပြန်ရင် ဆံပင်ကျွတ်ပြီး ဆံပင်ကျွတ်တာ သက်သာတဲ့ခေါင်းလျှော်ရည်သုံးပြန်ရင် ဗောက်ထရတဲ့ ပြဿနာမျိုး လူတွေတော်တော်များများမှာ ကြုံတွေ့နေရတာတွေ့ရပါတယ်။

ခေါင်းကလည်း တစ်နေ့အနည်းဆုံး ၂ ကြိမ်လောက်ဖြီးကြတယ်၊ မိန်းကလေးတွေဆို ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်၊ ဆံပင်စည်းလိုက်လုပ်ကြတယ်။ ဒါ့ကြောင့် ဆံပင်ကျွတ်တယ်ဆိုတာ လူတိုင်းနီးပါ ခေါင်းကိုက်နေရတဲ့ ပြဿနာတစ်ခုလိုဖြစ်နေပါပြီ။ ဒီတခါမှာ ဆံပင်ကျွတ်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ရှားစောင်းလက်ပပ်အနှစ်ကို ဦးရေပြားတစ်ခုလုံး နှံ့စပ်အောင်လိမ်းလိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချပြီး ပေါင်းဆေးထည့်လိုက်ပါ။ ခေါင်းလျှော်တဲ့အချိန်တိုင်း လုပ်ပေးနိုင်ပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီအရည်က ဆံပင်ကျွတ်တာကို သက်သာစေသလို ဆံပင်သန်စေပါတယ်။ ကြက်သွန်နီကို တောက်တောက်စဉ်းလိုက်ပါ။ ပြီးရင် အဝတ်စတစ်ခုထဲထည့်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။ အရည်ရလာပြီဆိုရင် ဆံပင်အမြစ်လေးတွေနဲ့ ဦးရေပြားကို နှံ့အောင်လိမ်းလိုက်ပြီး ခေါင်းလျှော်ချကာ ပေါင်းဆေးထည့်လိုက်ပါ။

ဗီတာမင် C

ဗီတာမင် C အဆီကို သင့်ဦးရေပြားနဲ့ ဆံပင်အမြစ်မှာလိမ်းပေးပါ။ ၁ နာရီလောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

အုန်းဆီ

အုန်းဆီကလည်း ဆံပင်ကျွတ်တာ သက်သာစေပါတယ်။ အုန်းဆီကိုခေါင်းမလျှော်ခင် ၁ နာရီလောက်အလို ဦးရေပြားအနှံ့ကိုလိမ်းထားပေးပြီး ခေါင်းလျှော်ချလိုက်ပါ။